တရုတ် ကြက်ခြေနီအသင်း ၁၁ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ အဖွဲ့ဝင်ကွန်ဂရက် အစည်းအဝေးကို ယခုလ ၂ ရက်နေ့က ပီကင်းတွင်ဖွင့်လှစ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကိုယ်စားလှယ်အားလုံးနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ပြီး၊ စေတနာသန့်သန့်ထားပြီး၊ နှုတ်ခွန်းဆက်ကြောင်းနှင့် လှိုက်လှဲစွာ ထောပနာပြုကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံ တော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူး ဝမ်ဟုနင်တို့သည် ယင်းတွေဆုံပွဲတွင် ပါဝင်ခဲ့ကြသည်။ တရုတ်နိုင်ငံတော် ဒု ဥက္ကဋ္ဌ ဝမ်ချီဆန်းသည်၊ တွေ့ဆုံပွဲ၌ ပါဝင်သည့်အပြင်၊ အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု သတင်းအရ သိရသည်။