၎ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ နင်းရှဟွေလူမျိုးကိုယ်ကိုင်အုပ်ချိုပ်ခွင့်ရဒေသ အင်းချွမ်မြို့၌ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာလုပ်ငန်းများသည် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ၁၀၇ ဖွဲ့၊ နိုင်ငံနှင့်ဒေသမှ ဒေသတွင်းအဖွဲ့အစည်း၊ ကုန်သွယ်ရေးအသင်း၊ ဌာနနှင့် လုပ်ငန်းကုမ္ပဏီ၂၉၀၀ ကျော်တို့သည် ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည် ဖြစ်ကြောင်း CNTV မှ သတင်းအရ သိရပါသည်။