၂၀၁၉ ခုနှစ် ဆောင်းဦးရာသီ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီ ပညာသင်တန်းကျောင်း အလယ်အလတ်အရွယ်နှင့် လူငယ် ကေဒါခေါင်းဆောင်များ မွမ်းမံ သင်တန်းကို ယခုလ ၃ ရက်နေ့ နံနက်ပိုင်းက ပါတီ ပညာ သင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနား၌ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ ကေဒါ ခေါင်းဆောင်များ အထူးသဖြင့် အလယ်အလတ်အရွယ်နှင့် လူငယ် ကေဒါ ခေါင်းဆောင်များ အနေနှင့် "နှစ် ၁၀၀ နှစ်ခု" ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရန်နှင့် မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်ရန် အတွက် ဇွဲရှိရှိဖြင့် ကြိုးပမ်းရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)