စတုတ္ထ အကြိမ်မြောက် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့က တရုတ် နင်းရှဟွေလူမျိုးကိုယ်ကိုင်အုပ်ချိုပ်ခွင့်ရပြည်နယ်ခွဲ အင်းချွမ်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ ယခုနှစ်များအတွင်း တရုတ်နှင့် အာရပ်နိုင်ငံများသည် ခေတ်ရေစီးကြောင်းနှင့် ဖွံ့ဖြိုးရေး လိုအပ်မှုများနှင့် လိုက်လျောညီထွေဖြစ်ပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” ကို လက်တွဲ တည်ထောက်ကာ တိုးတက်အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ဖေါ်ပြထားပါသည်။ (ကျော့)