တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ ရက်နေ့တွင် တစ်ပြည်လုံးရှိ လယ်ယာစိုက်ပျိုးရေး တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား စာပြန်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံ၏ ခေတ်မီရေးသည် လယ်ယာနှင့် ကျေးလက်ဒေသ ခေတ်မီရေးနှင့် ခွဲမရကြောင်း၊ သိပံ္ပနည်းပညာနှင့် လူရည်ချွန်များသည် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီရေး၏ သော့ချက် ကျရာ ဖြစ်ကြောင်း မှာကြားထားပါသည်။
မကြာမီက တစ်ပြည်လုံး လယ်ယာစိုက်ပျိုးရေး တက္ကသိုလ် ၅၀ ကျော်မှ ကျောင်းအုပ်ကြီးများနှင့် လယ်ယာစိုက်ပျိုးရေး၊ သစ်တောလုပ်ငန်း ပညာရှင်များသည် ရှီကျင့်ဖိန်အား စာတစ်စောင် ရေးပို့ပြီး၊ ကျယ့်ကျန်းပြည်နယ် အန်ဂျီ၌ ခေတ်သစ် လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်း သိပ္ပံနည်းပညာ သုတေသနပြုရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ဖေါ်ပြပြီး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်း ဆိုင်ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၁၃ သိန်း ကိုယ်စား လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ကိုလည်း ဖေါ်ပြထားကြောင်း သတင်း ရရှိပါသည်။ (ကျော့)