ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ်ဖြစ်ပါသည်။ ပြည်သူ့နေ့စဉ်သတင်းစာတိုက်အသစ်သောမီဒီယာစင်တာနှင့် CACသတင်းအချက်အလက်ဆက်သွယ်ရေးဗျူရိုတို့အတူ ပူးပေါင်းပြီး နေရာအသီးသီးနှင့် ဆက်သွယ်၍ “တရုတ် ၂၄ နာရီ၊ ဒေသအသီးသီး”အစီအစဉ် ဗီဒီယိုအတိုကို ရိုက်ကူးထုတ်လုပ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ အတွင်းရှိ ခန့်ညားလှပသော အချိန်ကာလကို ဖော်ပြရန် ရည်ရွယ်ထားပါသည်။ ယနေ့တွင် အပိုင်း ၁၃ ခုမြောက်“ယူနန် ၂၄ နာရီ”ကို တင်ဆက်ပြသသည်။
ဒီနေရာမှာ ရွှေရောင်တောက်ပသော မေလီနှင်းတောင်ရှိပါတယ်။
ဒီနေရာမှာ မြစ် ၃ စင်းဆုံစည်းပြီး အလွန်ခန့်ညားပါတယ်။
ဒီနေရာမှာ ရှုပ်ထွေးဆူညံတဲ့ ကမ္ဘာနဲ့ ဝေးကွာပြီး သာယာလှပတဲ့ ရှန်ဂရီလာရှိပါတယ်။
ဒီနေရာမှာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သင်္ကြန်ရေသဘင်ပွဲတော် ကျင်းပတယ်။
“ယူနန် ၂၄ နာရီ”က “ရောင်စုံလှပတဲ့ ယူနန်”ကို တင်ဆက်ပြသပေးတယ်။
၆း၀၀ နေထွက်ချိန် နေရောင်ခြည်များ မေလီနှင်းတောင်တောင်ထိပ်မှာ ဖြာကျ
၇း၀၀ လယ်သမားများက လတ်ဆတ်တဲ့ လက်ဖက်ရွက် ခူးဆွတ်
၁၀း၀၀ သောင်းနဲ့ချီတဲ့ ပန်းတွေပွင့်နေသော မုန်ညင်းဆီပန်းပင်လယ်ကြီး
၁၁း၀၀ ပထမဆုံးငါးမျှားပွဲတော်မှာ ထောင်နဲ့ချီတဲ့ လှေများပါဝင်ဆင်နွှဲ
၁၇း၀၀ ရှေးဟောင်မြို့မှာ ခရီးသည်များ စည်ကားလှ
၁၈း၀၀ ရှေးဟောင်းလက်မှု စက္ကူပြုလုပ်ပညာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်ခံ
၂၁း၀၀ ကူမင်းကုန်စည်ပြပွဲမှာ ရောင်စုံလှပနေ
၂၂း၀၀ ဥဒေါင်းအကက သွဲ့သွဲ့နွဲ့နွဲ့ဖြစ်နေ
၂၄ နာရီပတ်လုံး တောတောင်ရေမြေများ သာယာခန့်ညားလှပနေ
၂၄ နာရီပတ်လုံး တိုင်းရင်းသားဓလေ့များ ရောင်စုံသာယာလှပနေ
၂၄ နာရီပတ်လုံး တံခါးဖွင့်လှစ်ကာ လျင်မြန်စွာ တိုးပွားနေ
၂၄ နာရီပတ်လုံး ယူနန်ပြည်နယ် ရှေ့သို့ လှမ်းချီနေ
၂၄ နာရီပတ်လုံး အချိန်လေးစား ကြိုးကြိုးစားစား
နှစ် ၇၀ အတွင်း ယူနန်ပြည်နယ်သည် သင့်သင့်မြတ်မြတ်သဟဇာတရှိ