ယခုလ ၁၆ ရက်နေ့ထုတ် ချိုရှိ မဂ္ဂဇင်းတွင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ် ညီလာခံတွင် မိန့်ခွန်းလွှာကို ထုတ်ပြန် ထားကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ယင်းမိန့်ခွန်းလွှာတွင်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စနစ်သည် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် စနစ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ပြီး တရုတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး စည်းစနစ်နှင့် စီမံအုပ်ချုပ်စွမ်းအားဆိုင်ရာ အရင်းခံ နိုင်ငံရေးစနစ်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပြည်သူ့ကွန်ဂရက် စနစ် ကျင့်သုံးခြင်းသည် တရုတ်ပြည်သူများ၏ လူသား နိုင်ငံရေးစနစ်တွင် မွန်မြတ်သော ဆန်းသစ်တီထွင်ခြင်း ဖြစ်ကြောင်း စသဖြင့် ရေးသားဖေါ်ပြထားပါသည်။