တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို အသိအမှတ်ပြုရန်နှင့် တရုတ်ပြည်နှင့် သံအဆက်အသွယ် ထားရှိရန် ဆော်လမွန်ကျွန်းစုနိုင်ငံ အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ် ချီးကျူး

2019-09-18 17:21:43 |သတင်းအရင်းအမြစ် CRI

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က၊ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို အသိအမှတ်ပြုရန်၊ ထိုင်ဝမ်နှင့် သံအဆက်အသွယ် ဟူသည်ကို ဖြတ်တောက်ရန်နှင့် တရုတ်ပြည်နှင့် သံအဆက်အသွယ် ထားရှိရန် ဆော်လမွန်ကျွန်းစုနိုင်ငံ အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက အလွန် ချီးကျူးပါကြောင်း၊ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် လူအများ၏ တူညီသော ဆန္ဒ ဖြစ်ပြီး တားမြစ်လို့ မရဟု ပြည့်ပြည့်စုံစုံ ပြသ နေကြောင်း ယခုလ ၁၇ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဆော်လမွန်ကျွန်းစုနိုင်ငံ အစိုးရသည် ထိုင်ဝမ်နှင့် သံအဆက်အသွယ် ဟူသည်ကို ဖြတ်တောက်ရန်၊ တရုတ်ပြည်နှင့် သံအဆက်အသွယ် ထားရှိရန် နောက်ဆုံး ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၂၇ မဲ၊ ကြားနေမဲ ၆ မဲ၊ ကန့်ကွက်မဲ မရှိဖြင့် ၁၆ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006