ယခုလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်စနစ်များနှင့် ဥပဒေ စနစ်များ ဖြစ်တည် တိုးတက်ရေးနှင့် ပတ်သက်ပြီး ၁၇ ကြိမ်မြောက် လေ့လာဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယင်းလေ့လာဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ အတွင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဦးဆောင်၍ အဆက်မပြတ် စူးစမ်း လေ့လာ၊ လက်တွေ့ကျ ဆောင်ရွက်ကာ၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် နိုင်ငံတော်စနစ်များနှင့် ဥပဒေ စနစ်များ တဖြည်းဖြည်း ဖြစ်တည်လာကြောင်း၊ ယင်းသည် ယနေ့ခေတ် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းခံ အာမခံချက် ပေးသည့် အပြင် ခေတ်သစ်တွင် နိုင်ငံတော်စနစ်များ၊ ဥပဒေ စနစ်များ အားသစ်လောင်းရေးအတွက်လည်း အရေးကြီး အတွေ့အကြုံများကို ဖန်တီးပေးကြောင်း၊ ပါတီဝင် တစ်ရပ်လုံး အနေနှင့် ပါတီနှင့်ပြည်သူများ ဖွင့်လှစ်သည့် မှန်ကန်သော လမ်းကြောင်းအတိုင်း ဆက်လက် ချီတက်၍၊ နိုင်ငံတော် စီမံခန့်ခွဲရေးစည်းစနစ်နှင့် စီမံခန့်ခွဲမှုစွမ်းအား ခေတ်မီရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။