တာ့ချင့်ရေနံမြေ ရှာဖွေတွေ့ရှိသည့် နှစ် ၆၀ ပြည့် အခါသမယတွင် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီကိုယ်စား တာ့ချင်ရေနံမြေမှ ကေဒါခေါင်းဆောင်နှင့် ဝန်ထမ်းများ၊ အငြိမ်းစားယူ ရဲဘော်များနှင့် မိသားစုများအား လှိုက်လှဲစွာ ထောမနာပြုပြီး နှစ်သိမ့်အားပေးခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။