တရုတ် ပြည်လုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများ သွေးစည်းညီညွတ်ရေး တိုးတက်မှု ချီးမြှင့်ရေး အစည်းအဝေးကို ယခုလ ၂၇ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပ ခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။
ရှီကျင့်ဖိန်က၊ တရုတ် တိုင်ရင်းသားပေါင်းစုံတို့ မွန်မြတ်သော ရှင်သန်ရေး ဖေါ်ဆောင် လိုပါက တိုင်းရင်းသားလူမျိုးစုများသည် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ် တိုင်းရင်းသားပေါင်းစုံ အသိုက်အဝန်း ခိုင်ခံ့အောင် တည်ထောင်ရေး အသိကို ရှေးရှုပြီး ပါတီ၏ တိုင်းရင်းသား လူမျိုးစုဆိုင်ရာ အယူဝါဒများနှင့် မူဝါဒများကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ အကျိုးတူ ကြိုးပမ်းအားထုတ်ရေးနဲ့ အကျိုးတူ စည်ပင်သာယာရေးကို စွဲကိုင်ရမည် ဖြစ်ပြီး တိုင်းရင်းများ လူမျိုးစုများ သွေးစည်းညီညွတ်ရေး တိုးတက်မှုလုပ်ငန်းကို အခြေခံ လုပ်ငန်း အဖြစ် ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံတို့ သာယာလှပသော ရပ်ရွာကို လက်တွဲ တည်ထောင်ရန်၊ သာယာလှပသော အနာဂတ်ရေးကို လက်တွဲ ထူထောင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။