ပန်းအလှပြကား၊ အနီရောင်ခရီးစဉ် စသည့်လှုပ်ရှားမှုများ ပါဝင်သော ယခုနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်ကာလတွင် ယူနန်ပြည်နယ်သည် ခရီးသည် ၂၇.၁၂၃ သန်းဝန်းကျင်ကြိုဆိုဧည့်ခံရာ ယမန်နှစ်ကထက် ၂၁.၁% တိုးများလာကြောင်း၊ ခရီးသွားလုပ်ငန်းဝင်ငွေမှာ တရုတ်ယွမ် ၂၁.၅၉ ဘီလီယံရရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၂.၁% ကို တိုးတက်လာကြောင်း သတင်းအရသိရပါသည်။ အဆိုပါအရေအတွက်တွင် ညအိပ်တည်းခိုသော ခရီးသည် ၄၉.၇၁ သိန်းဝန်းကျင် ကြိုဆိုဧည်ခံပြီး ယမန်နှစ်ကထက် ၁.၁% တိုးတက်လာကြောင်း၊ နေ့ချင်းပြန်ခရီးသည် ၂၂၁.၅၂ သိန်းဝန်းကျင် ကြိုဆိုဧည့်ခံပြီး ယမန်နှစ်ကထက် ၂၆.၈% ကိုတိုးတက်လာကြောင်း သိရသည်။
ရုံးပိတ်ရက်ရှည်ကာလတွင် လီကျန်းယွိလွန်းနှင်းတောင်၊ ကူမင်းကျောက်တော၊ ယူနန်တိုင်းရင်းသားကျေးရွာ စသည်တို့သည် ခရီးသည်အများဆုံးဝင်ရောက်သည့် နေရာ ၃ ခု ဖြစ်ပြီး ခရီးသည်ဦးရေ ၁.၅၂ သိန်း၊ ၁.၁၉ သိန်း၊ ၁.၀၆ သိန်း ကြိုဆိုခဲ့ပြီး ယမန်နှစ်ကထက် ၂၇.၄%၊ ၂၀.၈%၊ ၁၂.၉% တိုးတက်လာပါသည်။ ၀မ်းစမ်း၊ ချူကျင့်၊ လင်ချန်း၊ ဟွန်ဟယ်၊ ချူရွှန်စသည့်နေရာများတွင် ခရီးသည်ဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်ထက် ၂၀% ကျော် တိုးတက်လာပြီး တစ်ပြည်နယ်လုံးရှိ ပြည်နယ်ခွဲ(မြို့) ၁၁ ခုတွင် ခရီးသည် ၁၀ သိန်းကျော် ကြိုဆိုဧည့်ခံခဲ့ရကြောင်း သတင်းအရ သိရပါသည်။
သတင်းထောက်။ ။ဝမ်ဟွမ်း(ယူနန်နေ့စဉ်သတင်းစာ)