ယမန်နေ့ ၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော ၂၀၁၉ ခုနှစ်ပီကင်းကမ္ဘာ့ဥယျာဉ်ပြပွဲ ပိတ်ပွဲအခမ်းအနားအစီအစဉ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ၊ ပီကင်းကမ္ဘာ့ဥယျာဉ်ပြပွဲစည်းရုံးရေးကော်မတီ တာဝန်ခံ၊ ပီကင်းကမ္ဘာ့ဥယျာဉ်ပြပွဲ အမှုဆောင်ကော်မတီ ဥက္ကဋ္ဌကော်ယန့်က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အောက်တိုဘာလ ၉ ရက်နေ့ ညက ၂၀၁၉ ခုနှစ်ပီကင်းကမ္ဘာ့ဥယျာဉ်ပြပွဲ ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
ပါကစ္စတန်၊ ဆော်လမွန်ကျွန်းစု၊ ကမ္ဘောဒီးယား၊ ကာဂျစ္စတန်နှင့် အဇာဘိုင်ဂျန်စသောနိုင်ငံများမှ ခေါင်းဆောင်များနှင့် အရာရှိများ၊ နိုင်ငံတကာပြပွဲရေးရာဌာနနှင့် နိုင်ငံတကာ ဥယျာဉ်ခြံစိုက်ပျိုးပြုစုရေး လုပ်ငန်းဆောင်ရွက်သူများအသင်းမှ တာဝန်ခံများသည် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။