ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တောင်အာရှနိုင်ငံများခရီးစဉ်သည်၊ ကမ္ဘာ့နှင့် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် စည်ပင်သာယာရေးအတွက် စွမ်းဆောင်မှုသစ် ပြုမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဖော်ပြ

2019-10-10 17:29:38 |သတင်းအရင်းအမြစ် CRI

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Modi နှင့် နီပေါနိုင်ငံ သမ္မတ Bhandari ၏ ဖိတ်ကြားချက် အရ၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပတော့မည့် တရုတ်-အိန္ဒိယ ထိပ်သီးများ ဒုတိယ အကြိမ်မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး၊ နီပေါနိုင်ငံ တွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုလ ၉ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဒု ဝန်ကြီး လော်ကျောက်ဟွေးက ယခုအကြိမ် ခရီးစဉ်သည်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းအတွက် ခမ်းနားသိုက်မြိုက်စွာ ဂုဏ်ပြု ပွဲကျင်းပပြီးသည့်နောက်တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်ရုံသာမက၊ နှစ်ပေါင်း၂၃ နှစ်ကြာပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ၏ နောက်ထပ် တစ်ကြိမ် နီပေါနိုင်ငံ ခရီးစဉ်ဖြစ်ပြီး တရုတ်-အိန္ဒိယ၊ တရုတ်-နီပေါနှင့် တရုတ်-တောင်အာရှနိုင်ငံများ ဆက်ဆံမှုများတွင် တွန်းအားသစ်နှင့် ရှင်သန်အားသစ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု China Media Group မှ သတင်းအရသိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006