တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်- မြို့တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။
ရှီကျင့်ဖိန်နှင့် မိုဒီတို့သည်၊ နှစ်နိုင်ငံ ဆက်ဆံမှုဆိုင်ရာ ကဏ္ဍစုံ၊ ကာလရှည်နှင့် မဟာဗျူဟာမြောက် အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြ သည်။
ချင်းနိုင်မြို့သည်၊ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာတူပြည်နယ်၏ မြို့တော်ဖြစ်ပြီး၊ အိန္ဒိယတောင်ပိုင်းဒေသ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အဓိက အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်ဟု သတင်းအရသိရသည်။