ယခုလ ၁၆ ရက်နေ့က ပထမဆုံး အကြိမ် ကမ္ဘာ့ သိပ္ပံနည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ ”သိပ္ပံပညာ၊ နည်းပညာ၊ ဖွံ့ဖြိုးတိုးတက်ရေး” ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ ၁၈ခုမှ ပညာရှင်များ၊ နိုဘယ်လ်ဆု ရရှိသူများ၊ ကမ္ဘာ့ အရေးကြီး သိပ္ပံနည်းပညာ အဖွဲ့များမှ အဆင့်မြင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ကျောင်း ပါမောက္ခချုပ်များနှင့် လုပ်ငန်းရှင်များ အပါအဝင် ဧည့်သည်တော် ၄၀၀ကျော်တို့သည် ၄င်းဖိုရမ်သို့ တက်ရောက်ပြီး သိပ္ပံနည်းပညာ ဆိုင်ရာ ယဉ်ကျေးမှုနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု ရှာကြံရေးနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။
၎င်းဖိုရမ်တွင် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ၊ တရုတ် သိပ္ပံပညာ အသင်း ဥက္ကဋ္ဌ ဝမ့်ကန်းက တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရေး အတွက် နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးကို လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန်နှင့် သိပ္ပံနည်း ပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အရေးတကြီး လိုအပ်ကြောင်း၊ ထို့အပြင် ယင်းသည် နိုင်ငံ အသီးသီးမှ ပြည်သူများနှင့် တစ်ကမ္ဘာလုံး သိပ္ပံနည်းပညာ လုပ်ငန်းနယ်ပယ်၏ မျှော်လင့်ချက်သစ်လည်းဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။