တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၆ ရက်နေ့က ပီကင်းတွင် ခရီးလှည့်လည်နေသော နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း John Key နှင့် တွေ့ဆုံခဲ့ သည်ဟု China Media Group မှ သတင်းအရသိရသည်။
ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာအခြေအနေသည်၊ အပြောင်းလဲ ကြီးပြောင်းလဲနေကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့် နိုင်ငံအသီးသီးတို့မှ လုပ်ငန်း ကုမ္ပဏီများက တရုတ်ဖွံ့ဖြိုးရေးကို အခွင့်အခါယူပြီး အပြန်အလှန် အကျိုးရှိစေရေးနှင့် အောင်မြင်မှု အတူမျှဝေခံစားရေးကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရန် ကြိုဆိုပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။