၂၀၁၉ စက်မှုလုပ်ငန်းအင်တာနက်ဆိုင်ရာ နိုင်ငံတကာ ထိပ်သီးများအစည်းအဝေးကို တရုတ်ပြည် လျောင်နင်ပြည်နယ် ရှိန်ယန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။
ထိုပေးပို့သော သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့် စက်မှုလုပ်ငန်း အင်တာနက်၏ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးမှုသစ်များအပေါ် အလွန်အလေးထားကြောင်း၊ နိုင်ငံတကာမိသားစုကြီးနှင့်အတူ၊ စက်မှုလုပ်ငန်းအင်တာနက်၏ စွမ်းအားသစ်ကို ဆက်တိုက်မြှင့်တင်ပြီး၊ စက်မှုလုပ်ငန်းဖြစ်ထွန်းတိုးတက်စေရေးနှင့် သတင်းအချက်အလက် တွင်ကျယ်စေရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ပေါင်းစပ်ဖွံ့ဖြိုးစေရန် တွန်းအားပေးလို ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။