ယခုလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ၏ ဥပဒေပြုရေးဌာန ဖြစ်သည့် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် အရွယ်မရောက်သူများအား ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်းနှင့် အရွယ်မရောက်သူများ ပြစ်မှုကျူးလွန်မှု ကြိုတင်ကာကွယ်ရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို စတင် စိစစ်ခဲ့ကြောင်း၊ ယင်း ဥပဒေ နှစ်ခုသည် တရုတ်နိုင်ငံ၏ အရွယ်မရောက်သူများအား ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အခြေခံ ဥပဒေ ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်များက ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြင်ဆင်ရေးဥပဒေမူကြမ်းတွင် လက်တွေ့ အခြေအနေ အရ အရွယ်မရောက်သူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အရွယ်မရောက်သူများ ပြစ်မှု ကျူးလွန်မှု ကြိုတင်ကာကွယ်ရေး နယ်ပယ်၌ ပေါ်ထွက်လာသည့် အခြေအနေသစ်နှင့် ထူးခြားချက် အသစ်များကို ရည်ရွယ်ပြီး အရေးကြီး မူသတ်မှတ်ချက်များကို ထည့်သွင်း သတ်မှတ်ခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
သက်ဆိုင်ရာစာရင်းအရ တစ်ကမ္ဘာလုံးတွင် အရွယ်မရောက်သူများက အင်တာနက်ကို လွန်ကဲစွာ မှီခိုသုံးစွဲမှုနှုန်းသည် ၆ ရာခိုင်နှုန်း ရှိပြီး တရုတ်နိုင်ငံတွင်မူ ၁၀ ရာခိုင်နှုန်း နီးပါး ရှိပြီ ဖြစ်ကြောင်း၊ ယင်းကို ရည်ရွယ်ပြီး အရွယ်မရောက်သူများအား ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပြင်ဆင်ရေးမူကြမ်းတွင် အင်တာနက် လှိုင်းနှုန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အခန်း သပ်သပ်ကို ထည့်သွင်း ထားရှိပြီး အရွယ်မရောက်သူများအတွက် အွန်လိုင်း အော့ဖှ်လိုင်း ကဏ္ဍစုံ ကာကွယ်စောင့်ရှောက်မှုများ ပေးမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။