၈၃ ကြိမ်မြောက် နိုင်ငံတကာ အီလက်ထရွန်နစ်လုပ်ငန်း ကော်မတီ ညီလာခံကို ယခုလ ၂၁ ရက်နေ့က ရှန်ဟိုင်းမြို့၌ စတင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။
ရှီကျင့်ဖိန်က၊ မျက်မှောက်အချိန်ကာလတွင် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးသော မြစိမ်းရောင် ဆက်တိုက် ဖွံ့ဖြိုးရေးသည် လူသားများ၏ တူညီသော ရည်မှန်းချက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်များ၌ နိုင်ငံတကာ စံချိန်စံနှုန်းများ သတ်မှတ်ရန်နှင့် စံချိန်စံနှုန်းဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အရေးတကြီး လိုအပ်ပါကြောင်း ရေးသားဖေါ်ပြထားပါသည်။