China Media Group နှင့် ကွမ်တုန်းပြည်နယ်ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသော တတိယအကြိမ်မြောက် “၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး” တရုတ်(ကွမ်တုန်း)နိုင်ငံတကာ မီဒီယာဖိုရမ်ကို ၂၂ ရက်နေ့တွင် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းဖိုရမ်၏ ဆောင်ပုဒ်မှာ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဒေသကြီး တည်ဆောက် ခြင်းဖြင့် ပင်လယ်ပိုးလမ်းမကြီးအား အထောက်အကူပြုခြင်း ဖြစ်ကြောင်း စီအာအိုင်သတင်း အရ သိရပါသည်။
ကွမ်တုန်းပြည်နယ် တရုတ်ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ကွမ်တုန်းပြည်နယ်ပြန်ကြားရေးဌာန ခေါင်းဆောင် ဖုဟွာ သည် ယခုအကြိမ်ဖိုရမ်ကျင်းပခြင်းအတွက် ထောမနာပြုကြောင်း၊ ကွမ်တုန်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးသော ပြည်နယ်တစ်ခု ဖြစ်ပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” ဆိုင်ရာ အရေးကြီးသော ဗဟိုအချက်အချာဖြစ်ကြောင်း၊ ကွမ်းတုန်းအနေဖြင့် တရုတ်နိုင်ငံအကြောင်းကိုလည်ကောင်း၊ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဒေသကြီးအကြောင်းကိုလည်ကောင်း ကောင်းမွန်စွာ မိတ်ဆက်ဖေါ်ပြနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားပါသည်။
China Media Group အယ်ဒီတာရေးရာအဖွဲ့ချုပ်မှ အရာရှိ ဟူဘန်းရှန့်သည် မိန့်ခွန်း ပြောကြားရာတွင် China Media Group အနေဖြင့် နိုင်ငံအသီးသီးမှ မီဒီယာများနှင့်အတူ နိုင်ငံတကာမီဒီယာဖွံ့ဖြိုးရေးဝန်းကျင် ကောင်းမွန်အောင် တည်ဆောက်ရေး၊ မီဒီယာများ ရောနှောပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြောကြားပါသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ကွမ်တုန်းပြည်နယ် သက်ဆိုင်ရာဌာန၊ နိုင်ငံခြားချစ်ကြည်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားမှ နာမည်ကျော်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ပြည်တွင်းပြည်ပမှ မီဒီယာတာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်းလူ ၃၀၀ ကျော်တို့သည် ယခုအကြိမ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ သက်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။