ယခုလ ၂၃ ရက်နေ့က တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တို့သည်၊ ကုလသမဂ္ဂ နိုင်ငံတကာ အကြီးစားကယ်ဆယ်ရေးအဖွဲ့ ဆိုင်ရာ စစ်ဆေးမှုနှင့် တပ်ဆင်စစ်ဆေးမှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး၊ တရုတ်ပြည်သည် ကုလသမဂ္ဂမှ အသိအမှတ်ပြုခြင်းခံရသည့် နိုင်ငံတကာ အကြီးစား ကယ်ဆယ်ရေး အဖွဲ့ ၂ ဖွဲ့ ရှိသည့် ပထမဆုံး အာရှနိုင်ငံဖြစ်လာခဲ့ကြောင်း China Media Group က ဖော်ပြသည်။
ထိုနေ့က ပီကင်း၌ ကျင်းပသည့် ကုလသမဂ္ဂ နိုင်ငံတကာ အကြီးစား ကယ်ဆယ်ရေး အဖွဲ့ အလံနှင့် တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားတွင် တရုတ်ပြည် အရေးပေါ်ကိစ္စများဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ကျိန့်ကိုကွမ်းက တရုတ်အစိုးရအနေနှင့် နိုင်ငံဖြတ်ကျော် ကယ်ဆယ်ရေးလုပ်ငန်းကို အလွန်အလေးထားပြီး၊ နိုင်ငံတကာ တာဝန်ဝတ္တရားများကို တက်ကြွစွာ ထမ်းဆောင်ကာ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ်ငန်းအတွက် အချိန်နှင့် တစ်ပြေးညီ စွမ်းစွမ်းတမံပြုလုပ်လိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။