တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ဘရာဇီး သမ္မတ ပိုစိုနာရိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-ဘရာဇီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း၊ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် တရုတ်-ဘရာဇီး ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်၊ ရှီကျင့်ဖိန်က၊ တရုတ်နှင့် ဘရာဇီး နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိသည့် ၄၅ နှစ်အတွင်း နှစ်ဖက်တို့သည် အစဉ်တစိုက် အပြန်အလှန် လေးစားပြီး တန်းတူရည်တူ အပြန်အလှန် သဘောထားကာ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးအကြား သွေးစည်း ညီညွတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးတူ ဖွံ့ဖြိုးရေးဆိုင်ရာ စံနာမူနာကောင်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။