အောက်တိုဘာလ ၂၉ ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များဖိုရမ်(2019)ကို တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် ကျင်းပနေသောကြောင့် တရုတ်နိုင်ငံ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယင်းဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်သည် သိပ္ပံနည်းပညာသည် လူသားများတို့ထူးကဲမြင့်မြတ်သော ဆန်းသစ်တီထွင်ရေး လှုပ်ရှားမှုဖြစ်ပြီး သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာမြင်ကွင်းနှင့် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေစေရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် လက်တွဲ၍ သိပ္ပံနည်းပညာ ဆည်းပူးလေ့လာမှုကို အားဖြည့် ပူးပေါင်းဆောင်ရွက်ပြီး သိပ္ပံနည်းပညာတိုးတက်ရေးကို တွန်းအားပေးကာ စိမ်ခေါ်မှုများကို အတူရင်ဆိုင်လိုကြကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။