စစ်ဆောင်းပန်းနား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အား ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပြသရန် ပြင်ဆင်နေ

2019-10-31 15:50:21 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် ပါတီကော်မတီပြန်ကြားရေးဌာန၏ အောက်တိုဘာလ ၂၈ ရက်နေ့သတင်းထုတ်ပြန်ချက်အရ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းအမျိုးသားကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။ အဆိုပါပြပွဲကာလတွင်ယူနန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဌာနသည် “ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှု၊ နိုင်ငံတကာမျှဝေခံစား”ဟူသောဆောင်ပုဒ်ဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာအနုပညာတင်ဆက်ပြသခြင်း၊ အပြန်အလှန်လှုပ်ရှားခြင်း၊ ရှင်သန်လှုပ်ရှားဆန်းသစ်စွာ ပြသခြင်းများကိုဖွဲ့စည်းလုပ်ဆောင်မည်ဖြစ်သည်။ တစ်ကမ္ဘာလုံးအတွက် “ကြွယ်ဝသောတိုင်းရင်းသားတို့၏ သိမ်မွေ့သောဟန်အမူအရာ၊ ထူထပ်သောလူမှုယဉ်ကျေးမှု၊ အားကောင်းသောအနုပညာကျက်သရေ၊ သာယာသောဒေသထူးခြားချက်ဝိသေဒလက္ခဏများ”ပါဝင်သောယူနန်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပန်းချီကားကိုပြသပြီးပြည်တွင်းပြည်ပအတွက် ယူနန်ပြည်နယ်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုသိရှိနားလည်နိုင်စေမည် ဖြစ်ပြီးယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာသြဇာသက်ရောက်မှုနှင့် ချီကျူးခံစားခြင်းကို မြှင့်တင်ပေးမည် ဖြစ်သည်။ စစ်ဆောင်းပန်းနားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိတိုင်းရင်းသားအဆိုအကအဖွဲ့သည် ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တင်ဆင်ပြသခြင်းအဖွဲ့နှင့် ယူနန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဌာနမှ တပေါင်းတစည်းတည်းစီစဉ်သတ်မှတ်ချက်အရတက်ကြွစွာပြင်ဆင်၍ စစ်ဆောင်းပန်းနားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိတိုင်လူမျိုး၊ ကျီနော်လူမျိုး၊ ပုလောင်လူမျိုးဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၄ ရပ်ကိုတင်ဆက်ပြသမည်ဖြစ်ပြီးစစ်ဆောင်းပန်းနားဆိုင်ရာယဉ်ကျေးမှုပြယုဂ်ကိုပေါ်လွင်အောင်ပြသသွားပါမည်။

တိုင်လူမျိုးအိုးစည်အကဖြစ်သော“မင်္ဂလာအိုးစည်အက”သည်ရှန်ဟိုင်းတွင်တင်ဆက်ပြသမည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော“မင်္ဂလာအိုးစည်အက”သည်တိုင်လူမျိုးအိုးစည်အကအမွေအနှစ်ဆက်ခံသူဘောဟန်ဘင်၏ကြိုးစားအားထုတ်မှုဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်လူမျိုးအိုးစည်အကဖြင့်ပူဇော်ခြင်းနှင့် အိုးစည်အကပညာစသည့် အကြောင်းအရာကိုတင်ဆက်ပါသည်။ “မင်္ဂလာအိုးစည်အက”သည်ပြည်တွင်းပြည်ပမှ ချီးကျူးဂုဏ်ပြုခြင်းများစွာရရှိခဲ့ပါသည်။ “မင်္ဂလာအိုးစည်အက”တင်ဆက်ချိန် ၅ မိနစ် ၃၀ စက္ကန့်ရှိပြီးတိုင်အမျိုးသား ၈ ဦးကမာကျောခြင်းနှင့် ပျော့ပျောင်းခြင်းကိုပေါင်းစပ်ရောနှောတင်ဆက်ကပြကြပါသည်။ တင်ဆက်ပြသရာတွင်“မင်္ဂလာအိုးစည်က”ကိုစိတ်အားထက်သန်အပြည့်ဖြင့်တင်ဆက်ခြင်းနှင့်အတူတိုင်လူမျိုးရိုးရာသီချင်းကိုလည်းသီဆိုပါသည်။ “မင်္ဂလာအိုးစည်အက”အစီအစဉ်တစ်ခုလုံးတွင်မြန်ဆန်သောစည်းချက်များရှိနေသည်။ စစ်ဆောင်းပန်းနားယဉ်ကျေးမှုအဖွဲ့သည် စက်တင်ဘာလအလယ်တွင် ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တင်ဆင်ပြသရန် သိရှိရပြီးနောက် တက်ကြွစွာဖြင့်ပြင်ဆင်နေပြီးအလှပဆုံးတိုင်လူမျိုးအိုးစည်ကကိုရှန်ဟိုင်းမြို့ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင်ပါဝင်ပြသရန် မျှော်လင့်ထားကြောင်းတင်ဆက်သူတစ်ဦးကပြောပါသည်။

စစ်ဆောင်းပန်းနားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင်တင်ဆက်ပြသမည့်အစီအစဉ်အတွင်းတိုင်လူမျိုးကျန်ဟား၊ ကုလောင်လူမျိုးသီချင်း၊ ကျီနော်လူမျိုးချီခဲအားမီစသည့်အစီအစဉ်များကိုလည်းတင်ဆက်မည်ဖြစ်ကြောင်းသတင်းအရသိရပါသည်။

သတင်းထောက်။ ။ လျူဇီယွီ(ယူနန်နေ့စဉ်သတင်းစာ) ဓာတ်ပုံအားစစ်ဆောင်းပန်းနားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲမှ စီစဉ်ပေးသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006