ယူနန်ပြည်နယ်သည် အစီအမံဆောင်ရွက်များစွာဖြင့် ပြည်ပကုန်သွယ်ရေးကို တည်ငြိမ်စေ

2019-11-01 17:55:23 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ်သည် အစီအမံဆောင်ရွက်ချက်မျိုးစုံဖြင့် ပြည်ပကုန်သွယ်ရေးကို တည်ငြိမ်စေပြီး ယခုနှစ်ပြည်ပကုန်သွယ်ရေး ရည်ရွယ်ချက် ပြီးမြောက်ကာတစ်ပြည်နယ်လုံး၏ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးရန် အဆက်မပြတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ကူမင်းမြို့၌ ကျင်းပပြုလုပ်သော တစ်ပြည်နယ်လုံး ပြည်ပကုန်သွယ်ရေးတည်ငြိမ်စေရေးနှင့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ လုပ်ငန်းတာဝန် အစည်းအဝေးပွဲမှ သိရပါသည်။

ယနှစ်ပိုင်းတွင် ယူနန်ပြည်နယ်သည် သွင်းကုန်ပို့ကုန်တိုးချဲ့ရန်၊ ကုန်သွယ်ရေးဆင်ပြေချောမောစေရန်အတွက် မူဝါဒနှင့်အစီအမံများကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယူနန်ပြည်နယ် ပြည်ပကုန်သွယ်ရေးကို လျင်မြန်စွာ တိုးတက်စေရန် တွန်းအားပေးပါကြောင်း၊ ပြည်ပကုန်သွယ်ရေးတိုးတက်နှုန်းမှာ တစ်နိုင်ငံလုံးတွင် ရှေ့တန်းနေရာတွင် ရပ်တည်နေကြောင်း သတင်းအရ သိရပါသည်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နှင့် တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်ထူထောင်တည်ဆောက်ရေးလုပ်ငန်း ရှေ့သို့တွန်းတင်ခြင်းနှင့်အတူ ယူနန်ပြည်နယ် စီးပွားရေးသည် အသွင်ကူးပြောင်းမှု၊ အဆင့်မြှင့်တင်မှုအတွက် အရေးကြီးလှသော အခွင့်အခါဖြစ်နေပြီး ယူနန်ပြည်နယ်သည် အစီအမံအမျိုးမျိုးဖြင့် ပြည်ပကုန်သွယ်ရေးကို တည်ငြိမ်စွာ တိုးတက်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ယူနန်ပြည်နယ်သည် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်ကို တည်ဆောက်ခြင်းဖြင့် ပြည်ပကုန်သွယ်ရေးအမျိုးအစားကို ပြောင်းလဲမြှင့်တင်ရန် ရှေ့သို့တွန်းတင်မည်။ ငှားရမ်းသည့်လုပ်ငန်းကုမ္ပဏီ၊ နည်းပညာဝန်ဆောင်မှုစင်တာ၊ ဘဏ္ဍရေးဝန်ဆောင်မှုစင်တာစသည့် ထွန်းသစ်စလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ပေးမည်ဖြစ်သည်။ လုပ်အားအသုံးပြုသောစက်မှုလုပ်ငန်းများနှင့် အချောကိုင်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန် ရှေ့သို့ တွန်းတင်ပေးမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆွဲဆောင်ရန် အဓိကအလုပ်တာဝန်အဖြစ် ဆောင်ရွက်ပြီး ဆန်းသစ်တီထွင်မှုစနစ်သစ်ပြောင်းလဲခြင်းဖြင့် ပိုမိုများပြားသော စီမံကိန်းများအားလွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်တွင် ကောင်းမွန်အဆင်ပြေစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းတင်ဆောင်ရွက်ပါသည်။ ကူမင်း၊ တယ်ဟွန်၊ ဟွန်ဟယ် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန် ၃ ခုတွင် စမ်းသပ်လုပ်ဆောင်ခြင်းကို မူတည်ပြီး တစ်ပြည်နယ်လုံးအတွင်းတွင် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်ဆိုင်ရာ ဆောင်ရွက်ချက်ကို ပုံတူပြန့်ပွားနိုင်မည်ဖြစ်ပါသည်။

ယူနန်ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး ဆန်းသစ်တီထွင်မှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ပြည်ပကုန်သွယ်ရေးဆိုင်ရာ တိုးတက်ခြင်းအသစ်ကို တည်ထောင်ပြီး နယ်စပ်ဂိတ်စက်မှုလုပ်ငန်းဇုန် ပြောင်းလဲမြှင့်တင်ခြင်းဖြင့် ပြည်ပကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအင်အားကို တိုးပွားစေပါသည်။ နယ်စပ်ဂိတ်စက်မှုလုပ်ငန်းဇုန်တည်ဆောက်ရန် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်း၊ နယ်စပ်ဂိတ်ဆိုင်ရာ ၀န်ဆောင်မှုစွမ်းဆောင်နိုင်မှုကို အဆက်မပြတ် မြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုဆိုင်ရာ အဆင်ပြေစေခြင်း၊ လွတ်လပ်သော ကုန်သွယ်မှုတိုးမြှင့်ခြင်းနှင့် ပြည်ပကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအင်အားကို အဆက်မပြတ် မြှင့်တင်ခြင်း၊ လမ်းကြောင်းစီးပွားရေးကို နယ်စပ်ဂိတ်စီးပွားရေးအဖြစ် ပြောင်းလဲခြင်းများကို လုပ်ဆောင်ထားပါသည်။

ယူနန်ပြည်နယ်သည် ဈေးကွက်အမျိုးမျိုးရှာဖွေခြင်းဖြင့် ပြည်ပကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းကို မြှင့်တင်ပေးမည်။ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအား အားပေးမည်။အရှေ့တောင်အာရှ၊ တောင်အာရှဆိုင်ရာ အစဉ်အလာအရ အကျိုးရှိသည့် ဈေးကွက်အားသာချက်ကို ပိုမိုကြံ့ခိုင်စေမည်။အီးယူး၊ အရှေ့အလယ်ပိုင်း၊ အာဖရိကစသည့် ထွန်းသစ်စဈေးကွက်များကို တက်ကြွစွာ စူးစမ်းလေ့လာမည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောက်ခြင်း၊ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တရုတ်-ဗီယက်နမ်၊ တရုတ်-တောင်ပိုင်းကျွန်းဆွယ်၊ တရုတ်-လာအို၊ တရုတ်-လာအို-ထိုင်း၊ တရုတ်-မြန်မာစသည့် စီးပွားရေးစင်္ကြံတည်ဆောက်ခြင်းကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် ကုန်ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် E-commerce ၊ နယ်စပ်ဖြတ်ကျော် လယ်ယာစိုက်ပျိုးရေးစသည့် နယ်ပယ်အသီးသီးတွင် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်မည်။

ယူနန်ပြည်နယ်သည် ထိပ်တန်းကျသော စီးပွားရေးလုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ဖြင့် ပြည်ပကုန်သွယ်ရေး တိုးတက်ရန်အတွက် ထောက်ပံ့ပေးပါသည်။ “စစ်ဆေးခွင့်ပြုခြင်းအတွက် လူတွေ့ရန်မလို၊ အလုပ်ဆောင်ရွက်ရန် အကူအညီတောင်းရန်မလို၊ သွားလာလုပ်ဆောင်ရန် တစ်ကြိမ်သာလိုသည်”ဟူသော သဘောတရားကို ဘက်စုံ ကျင့်သုံးဆောင်ရွက်ပြီး “အင်တာနက်+ပြည်သူ့အစိုးရ”ဟူသောစနစ်ကို တက်ကြွစွာ တွန်းတင်ဆောင်ရွက်နေပါသည်။ “ဖုန်းတစ်လုံးဖြင့် လုပ်ငန်းကိစ္စများဖြေရှင်းခြင်း”ဆိုင်ရာ အင်တာနက်တွင် လုပ်ငန်းဖြေရှင်းခြင်းစွမ်းဆောင်မှုကို တိုးချဲ့လုပ်ဆောင်ပြီး “ဖုန်းတစ်လုံးဖြင့် ယူနန်ကုမ္ပဏီ၏စီးပွားရေးချေးငွေပေးခြင်း”ကို ပိုမိုကောင်းမွန်စွာ အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့ပေးပါသည်။ စစ်မှန်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခန်းကဏ္ဍကို အထောက်အကူပြုရန် လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်၏ အစိုးရတာဝန်ကို ခေါင်းဆောင်ခြင်းအဖြစ် စစ်ဆေးခွင့်ပြုခြင်းစနစ်ပြောင်းလဲရန် ထိထိရောက်ရောက်လုပ်ဆောင်သွားမည်ဖြစ်သည်။

သတင်းထောက်။ ။ဟန်ချင်ယွမ်(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006