တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ မကြာခင်က လိပ်ခွံစာ ရှာဖွေတွေ့ရှိမှုနှင့် သုတေသနပြုမှု နှစ် ၁၂၀ ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုကြောင်း စာလွှာပေးပို့ခဲ့ရာ၊ လိပ်ခွံစာအပါအဝင် ထူးချွန်သော ရိုးရာယဉ်ကျေးမှုများကို နှစ်ကာလရှည်ကြာစွာ ဆက်ခံ ပြန့်ပွားသည့် ပညာရှင်များအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း၊ စေတနာသန့်သန့်ဖြင့် နှုတ်ခွန်း ဆက်သကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။