ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို စတင်ကျင်းပပြီး ရှီကျင့်ဖိန်သည် မိန့်ခွန်းပြောကြား

2019-11-05 18:03:08 |သတင်းအရင်းအမြစ် CRI

ဒုတိယအကိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ၅ရက်နေ့က ရှန်ဟိုင်းမြို့၌ စတင်ကျင်းပကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားပါသည်။

ယခုအကြိမ်ပြပွဲသည် “ခေတ်ကာလသစ်တွင် အနာဂတ်ကို မျှဝေခံစားခြင်း”ကို အဓိက ဆောင်ပုဒ်အဖြစ်ထားကြောင်း၊ နိုင်ငံနှင့်ဒေသ ၁၅၀ ကျော်မှ လုပ်ငန်းကုမ္ပဏီ ၃၀၀၀ ကျော် လာရောက်ပြသကြကြောင်း၊ ၎င်းအနက် လုပ်ငန်းကုမ္ပဏီ၏ပြခန်း နေရာ အကျယ်အဝန်း အကြီးဆုံး၁၀နိုင်ငံနှင့်ဒေသတို့မှာ အမေရိကန်၊ ဂျပန်၊ ဂျာမဏီ၊ တရုတ်ပြည်ဟောင်ကောင်၊ တောင်ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ သြစတြေးလျ၊ ဆွစ်ဇာလန် နှင့် ဗြိတိန်တို့ဖြစ်ကြောင်း၊ ပြည်ပ ကုန်ပစ္စည်းဝယ်ယူရေးကုန်သည်ဦးရေမှာ ၇၀၀၀ ကျော် ရှိကြောင်း သတင်းရရှိပါသည်။

ပြင်သစ်နိုင်ငံ သမ္မတ မာကရွန်းအပါအဝင် နိုင်ငံများမှ ခေါင်းဆောင်များ နှင့် ကမ္ဘာ့ ကွန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ်တို့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006