ဒုတိယအကြိမ်မြောက် ဟုန်ချော် နိုင်ငံတကာ စီးပွားရေး ဖိုရမ် “နှစ် ၇၀ ပြည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး နှင့် လူသား ကံကြမ္မာအသိုက်အဝန်း” ဖိုရမ်ခွဲကို ရှန်ဟိုင်းမြို့၌ ၅ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်းမင်းသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး “ဖွံ့ဖြိုးရေးနှင့်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို အတူမျှဝေပြီး ချမ်းမြေ့သာယာသောအနာဂတ်ကို အတူရှာကြံခြင်း”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ယင်းဖိုရမ်ခွဲကို တရုတ်နိုင်ငံတော်ကောင်စီ၊ သတင်းပြန်ကြားရေးရုံးမှ ဦးစီးခြင်းဖြစ်ပြီး တရုတ် လူမှုရေးသိပ္ပံပညာ တံခွန်အသင်းမှ တာဝန်ယူကျင်းပခြင်း ဖြစ်ကြောင်း၊ နိုင်ငံ နှင့် ဒေသ ၁၀၀ ကျော်မှ တတ်သိပညာရှင်၊ မီဒီယာသမား ၄၀၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။