ယူနန်ပြည်နယ်သည် စက်မှုလုပ်ငန်းနယ်ပယ်တွင် 5G နည်းပညာကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့

2019-11-07 18:43:55 |သတင်းအရင်းအမြစ် 云南日报

လတ်တလောရက်ပိုင်းတွင် KUNMING SHIPBUILDING EQUIPMENT CO.,LTD ၊ China Mobile ၊ HUAWEI ကုမ္ပဏီများ အတူတကွပူးပေါင်းသုတေသနပြုထားသော“5G နည်းပညာကို စက်မှုလုပ်ငန်းအလိုအလျောက်ပို့ဆောင်ရေးစနစ်ဆိုင်ရာအသုံးပြုခြင်း”ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ထိုသည်မှာ စက်မှုလုပ်ငန်းထိန်းချုပ်မှုနယ်ပယ်တွင် 5G နည်းပညာအသုံးပြုမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး KUNMING SHIPBUILDING EQUIPMENT CO.,LTD သည် တစ်ကမ္ဘာလုံးတွင် 5G နည်းပညာကို စက်မှုလုပ်ငန်းအလိုအလျောက်ပို့ဆောင်ရေးစနစ်အသုံးပြုနိုင်သော ပထမဆုံးကုမ္ပဏီများ ဖြစ်လာပါသည်။

ယခုနှစ် သြဂုတ်လတွင် ယူနန်ပြည်နယ် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်ဦးစီးဌာနမှ တိုက်တွန်းဆောင်ရွက်မှုဖြင့် China Mobile ယူနန်ကုမ္ပဏီ၊ KUNMING SHIPBUILDING EQUIPMENT CO.,LTD၊ HUAWEI ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ပြီး ယူနန်ပြည်နယ်ရှိ ပထမဆုံးဖြစ်သော စမတ်ကုန်ထုတ်လုပ်မှုဆိုင်ရာ 5G နည်းပညာအသုံးပြုဆန်းသစ်တီထွင်မှုစခန်းကို ၀ိုင်းဝန်းတည်ထောင်ထားပါသည်။ 5G နည်းပညာကို စက်မှုလုပ်ငန်းအင်တာနက်ဆိုင်ရာပုံမှန်နယ်ပယ်တွင် အသုံးဝင်ခြင်းနှင့် စမတ်ကုန်ထုတ်လုပ်မှုနယ်ပယ်တွင် အသုံးဝင်ခြင်းရှာဖွေလေ့လာမှုသည် ယူနန်ပြည်နယ် စမတ်ကုန်ထုတ်လုပ်မှုဆိုင်ရာသတင်းအချက်အလက်အဆင့်ကို မြှင့်တင်ရန် တွန်းအားပေးကူညီပါသည်။

KUNMING SHIPBUILDING EQUIPMENT CO.,LTD စက်မှုဇုန်ရှိ စတုရန်းမီတာ ၇ သောင်းရှိသော အလုပ်ရုံအခန်းအတွင်းရှိ 5G ဒစ်ဂျစ်တယ်စနစ်ကို တည်ထောင်ထားပြီး 5G အသေးစားစမ်းသပ်မှုစခန်းကို တည်ဆောက်ထားခြင်းဖြင့် ပြောင်းရွှေ့ပို့ဆောင်နေသော စက်ယန္တရားများအတွက် ကျယ်ပြန့်စွာ ထိန်းချုပ်နိုင်သော ပြန်လည်လုပ်ဆောင်ရန် မလိုသော အချိန်နောက်ကျခြင်းနည်းသော မှီခိုယုံကြည်နိုင်သော ကြိုးမဲ့ဆက်သွယ်ခြင်းစနစ်ကို ဖော်ဆောင်ပေးပါသည်။ စမတ်ကုန်ထုတ်လုပ်မှုပြခန်းတွင် မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးယာဉ် AGV သည် တပ်ဆင်ထားသော ဘားကုဒ်အလိုအလျောက်စစ်ဆေးခြင်း၊ အလိုအလျောက်တင်ပို့ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းစသည့်အလုပ်ကိုစနစ်တကျ လုပ်ဆောင်ပါသည်။ 5G နည်းပညာကို အခြေခံ၍ ရထားလမ်းအခြေပြုစမတ်ကားAGVသည် တက်ဘလက်(tablet)တစ်ခုဖြင့် အဝေးတစ်နေရာမှ ထိန်းချုပ်နိုင်ပြီး ထိန်းချုပ်မှန်ကန်နှုန်းမှာ ၉၉.၉၉၉% ရှိသဖြင့် အချိန်နှောက်နှေးခြင်းမှာ ၃၀ မီလီစက္ကန်အတွင်းထက်နည်းစွာဖြင့် ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀ ကြိမ်မြောက် နိုင်ငံတကာ Mobile Broadband ဖိုရမ်သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ကျင်းပရာ KUNMING SHIPBUILDING EQUIPMENT CO.,LTDသည် “5G နည်းပညာကို စက်မှုလုပ်ငန်းအလိုအလျောက်ပို့ဆောင်ရေးစနစ်ဆိုင်ရာအသုံးပြုခြင်း”အား လည်ပတ်ကြည့်ရှုသူများအတွက် ဖိုရမ်ပြခန်းမှာ အလုပ်ရုံအတွင်း အလိုအလျောက်ပို့ဆောင်ရေးစက်ယန္တရားများအလုပ်လုပ်ဆောင်ခြင်းကို တိုက်ရိုက်မြင်ရရန်နှင့် အဝေးမှ ထိန်းချုပ်ခြင်းတို့ကို ပြသပေးပါသည်။ KUNMING SHIPBUILDING EQUIPMENT CO.,LTD မှ ပို့ဆောင်ရေးစနစ်အလိုအလျောက်လုပ်ဆောင်ခြင်းစွမ်းရည်နှင့် စီမံကိန်းအထွေထွေဒီဇိုင်းလုပ်ဆောင်ခြင်းစွမ်းရည်ကို အပြည့်အ၀ ပြသထားပါသည်။

5G အင်တာနက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ရိုးရာကုန်ထုတ်လုပ်မှုမှသည် စမတ်ကုန်ထုတ်မှုသို့ တိုးတက်ပြောင်းလဲသွားခြင်းသည် အင်အားကြီးသော ခိုင်မာသည့် နည်းပညာအထောက်အပံ့ ဖြစ်ပါသည်ဟု ယူနန်ပြည်နယ် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်ဦးစီးဌာနမှ တာဝန်ရှိသူက မိတ်ဆက်ပေးပါသည်။ 5G နည်းပညာသည် တစ်ပြည်နယ်လုံးစက်မှုလုပ်ငန်းတွင် အသုံးဝင်ပြီး ယူနန်ပြည်နယ် စက်မှုလုပ်ငန်းက အရည်အသွေးမြင့်မားကောင်းမွန်သော နေရာသို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းတင်ပြီး စက်မှုဆိုင်ရာအင်တာနက်ဇီဝဂေဟစနစ်အသစ်ကို ဖန်တီးနိုင်ပါသည်။

သတင်းထောက်။ ။ဟူရှောင်ရွန်(ယူနန်ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006