ယူနန်ပြည်နယ်က သွင်းကုန်ကုန်စည်ပြပွဲတွင် အဖက်ဖက်နှင့်အတူ“လက်တွဲ”ပြီး အတူတကွ အောင်မြင်မှုရရှိ

2019-11-11 17:49:20 |သတင်းအရင်းအမြစ် 云南日报

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲပိတ်ပွဲအခမ်းအနားအား ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ပါသည်။

တရုတ်မီးရထားလမ်းတည်ဆောက်ရေးအဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းများကုမ္ပဏီ(CRCC Hight-Tech Equipment Corporation Limited)နှင့် သြစတြေးယားနိုင်ငံမှ Plasser&Theurer ကုမ္ပဏီတို့သည် နှစ်ပေါင်း ၃၀ ၀န်းကျင်ပူးပေါင်းဆောင်ရွက်မှုသမိုင်းကြောင်းရှိပြီး ယခုနှစ် သွင်းကုန်ကုန်စည်ပြပွဲတွင် သွင်းကုန်ဝယ်ယူရေး သဘောတူစာချုပ်အသစ်ကို ချုပ်ဆိုကြပါသည်။

ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ ယူနန်ပြည်နယ်အဓိက ကုမ္ပဏီလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာ သွင်းကုန်ဝယ်ယူရေးမိတ်ဆက်ပွဲတွင် ယူနန်ပြည်နယ် ပြည်ပကုန်သွယ်ရေးဆိုင်ရာ ဦးဆောင်ကုမ္ပဏီဖြစ်သော ယူထျိန်းဟွာ့(YUNNAN YUNTIANHUA CO.,LTD)ကုမ္ပဏီအုပ်စုသည် သွင်းကုန်ဝယ်ယူရေးစီမံကိန်း ၈ ခုရှိပြီး စာချုပ်ချုပ်ဆိုသော မိတ်ဖက်ကုမ္ပဏီများမှာ ကမ္ဘာ့အင်အားအကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းဝင်ကုမ္ပဏီ တစ်ဝက်ခန့်ပါရှိပြီး ယူနန်ပြည်နယ်ကုန်သွယ်ရေးအဖွဲ့မှာ စာချုပ်ချုပ်ဆိုသော အများဆုံးကုမ္ပဏီလည်း ဖြစ်ပါသည်။

ယူနန်ပြည်နယ် ဆေးဝါးကုသရေးဌာနက စာချုပ်ချုပ်ဆို

ယခုနှစ် သွင်းကုန်ကုန်စည်ပြပွဲတွင် ယူနန်ပြည်နယ်သည် ပြည်နယ်အဆင့် ဆေးရုံ၊ တစ်ပြည်နယ်လုံးမှ ဆေးဝါးကုသရေးဌာန ၁၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ယူနန်ပြည်နယ် ကျန်းမာရေးကော်မတီအရောင်းအ၀ယ်အဖွဲ့ကို သီးခြားဖွဲ့စည်းထားပြီး အမေရိကန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံစသည့်နိုင်ငံများမှ ဆေးဝါးကုသရေးကုမ္ပဏီလုပ်ငန်းနှင့် သဘောတူဝယ်ယူရေးစာချုပ်များစွာကို ချုပ်ဆိုပါသည်။ ယူနန်ပြည်နယ် ပြည်သူ့ဆေးရုံ(၂)သည် ယခုတစ်ကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ကုမ္ပဏီနှင့်အတူ CT(Computed Tomography)ရောဂါရှာဖွေရေးစက်၊ US(Ultrasound)ရောဂါရှာဖွေစစ်ဆေးရေးစက်စသည့် ခေတ်သစ်ဆေးဝါးကုသရေးစက်ယန္တရားဝယ်ယူရေးစာချုပ်ကို ချုပ်ဆိုထားပါသည်။

နိုင်ငံနှင့်ဒေသ ၁၅၀ မှ ကုမ္ပဏီလုပ်ငန်း ၃၀၀၀ ကျော်သည် သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ခဲ့ပြီး ၀ယ်ယူရေးကုမ္ပဏီနှင့် လေ့လာကြည့်ရှုသူ ၅ သိန်းကျော် မှတ်ပုံတင်ခဲ့ပါသည်။ ခေတ်ပေါ်ဆန်းသစ်သော ကုန်စည်များသည် ပြပွဲတွင်“တစ်ကမ္ဘာလုံးမှာ ပထမဆုံး၊ တရုတ်ပြည်တွင်းမှာ ပထမဆုံး”အဖြစ် မြင်တွေ့ကြရသည်။ အဆိုပါအကြောင်းအရာများက သွင်းကုန်ကုန်စည်ပြပွဲအတွက် ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုစင်မြင့်ဖြစ်လာသည်သာမက ခေတ်ပေါ်သဘောတရားလေ့လာရေးနှင့် အတွေ့အကြုံကူးလူးဖလှယ်ရေးဆိုင်ရာ ပြတင်းပေါက်တစ်ခုလည်း ဖြစ်သည်။ သွင်းကုန်ကုန်စည်ပြပွဲသို့ ရောက်ရှိလာသော ယူနန်ကိုယ်စားလှယ်အဖွဲ့သည် စိတ်ရှည်လက်ရှည်ကြည့်ရှုခံစား၍ ကုန်စည်အသစ်၊ နည်းပညာအသစ်၊ လုပ်ငန်းအခြေအနေအသစ်ကို လေ့လာပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့် ကုမ္ပဏီလုပ်ငန်းအကြောင်းအရာများကို ခံစားကာ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ဆောင်ရွက်ကြပါသည်။

သတင်းထောက်။ ။ ဟန်ချင်ယွမ်၊ လျူဇီယွီ(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006