ရှီကျင့်ဖိန်သည် အေသင်သို့ ရောက်ရှိ

2019-11-11 18:21:24 |သတင်းအရင်းအမြစ် CRI

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အေသင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ဂရိသမ္မတနိုင်ငံ၌ စတင် တရားဝင်ခရီးလှည့်လည်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဂရိနိုင်ငံခြားရေးဝန်ကြီး ဒန်ဒီအာစ် စသော အစိုးရအဆင့်မြင့်အရာရှိများသည် လေဆိပ်၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့်ဇနီးဖုန်လိယွမ်တို့အား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

ရှီကျင့်ဖိန်က မိမိအနေနှင့် သမ္မတ ပါဖ်လိုပိုလိုစ်၊ ဝန်ကြီးချုပ် မီဆိုတာကီစ်စသော ဂရိခေါင်းဆောင်များနှင့် အခြေအနေသစ်အောက်တွင် တရုတ်-ဂရိဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြပြီး အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးရေးလမ်းစဉ်ကို အတူရေးဆွဲချမှတ်ကြကာ တရုတ်-ဂရိ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အခန်းကဏ္ဍသစ်ဖွင့်လှစ်အောင် အတူ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဂရိနိုင်ငံဆိုင်ရာ တရားဝင်ခရီးစဉ်အပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံတွင် BRICS နိုင်ငံ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက် တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006