ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၏သက်ဆိုင်ရာစီမံကိန်းထောက်ပံ့မှုနှင့် ယူနန်ပြည်နယ်ပါတီကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ယူနန်နေ့စဉ်သတင်းစာအဖွဲ့က ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက်“လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများသတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာမွမ်းမံသင်တန်း”ကို ကူမင်းမြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
ဤတစ်ကြိမ်မွမ်းမံသင်တန်းသည်“တရုတ်ပြည်သစ်ကိုခံစားနားလည်းခြင်း”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်စသည့်နိုင်ငံ ၄ နိုင်ငံမှ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာစုစုပေါင်း ၁၆ ဦးပါဝင်ရန် ဖိတ်ကြားခဲ့ပါသည်။ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများမှ မီဒီယာများသည် အတူတကွဆုံစည်း၍ ပိုမိုချစ်ကြည်ရင်းနှီးရန်၊ သိရှိနားလည်ရန်၊ ပူးပေါင်းဆောင်ရွက်ရန် တွန်းတင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် ဤတစ်ကြိမ်မွမ်းမံသင်တန်းမှတဆင့် မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများအတွက် တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်ကို ပိုမိုသိရှိစေရန် ဆောင်ရွက်ပါသည်။
ဤတစ်ကြိမ်မွမ်းမံသင်တန်းတွင် နိုင်ငံအသီးသီးမှ သင်တန်းသူသင်တန်းသားများသည် များပြားလှသော လှုပ်ရှားမှုတို့ကို ပါဝင်ဆောင်ရွက်ကြရမည်။ ဥပမာအားဖြင့် “ယူနန်ပြည်နယ်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နှစ် ၇၀ ပြည့်အောင်မြင်မှုများဂုဏ်ပြုပြပွဲ”ကို လည်ပတ်ကြည့်ရှုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇၀ ကာလအတွင်း ယူနန်ပြည်နယ်ဆိုင်ရာ ခေတ်ကာလနှင့်အညီ ပြောင်းလဲလာမှုကို ခံစားနားလည်နိုင်မည် ဖြစ်သည်။ တုပ်နန်ပန်းမန်ဈေးကွက်သို့ သွားရောက်၍ ယူနန်ပြည်နယ်၏ ပန်းမန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများကို လေ့လာကြရမည်။“‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’၊ ရောင်စုံလှပသော ယူနန်ပြည်နယ်”ပထမအကြိမ် မီဒီယာဆိုင်ရာ ရိုးရာဝူရှုးသိုင်းပညာဖလှယ်ခြင်းပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလုပ်ငန်းကုန်သွယ်ရေးပြပွဲကိုလည်း သွားရောက်ကြပါမည်။ မြန်နှုန်းမြင့်ရထားဖြင့် ဟယ်ခုပ်၊ မိန်ဇိ၊ မီလေ့သို့ သွားရောက်ပြီး ဟယ်ခုပ်နယ်စပ်ဂိတ်၊ ဟွန်ဟယ် Integrated Free Trade Zone လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ တွန်းဖုန်းယွင့် ရှုခင်းသာနေရာကို လေ့လာကြည့်ရှုမည်။ ယူနန်ပြည်နယ်၏ တံခါးဖွင့်ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို ခံစားကြပြီး ယူနန်ပြည်နယ်၏ အရသာကောင်းလှသော နေထိုင်မှုဘ၀ကို ခံစားနိုင်သည်။ တရုတ်-မြန်မာ Twin City ဖိုရမ်တွင် ပါဝင်တက်ရောက်ပြီး မီဒီယာသစ်ဆိုင်ရာ လက်တွေ့သင်ယူခြင်းကို ဆောင်ရွက်ကြကာ မီဒီယာပူးပေါင်းဆောင်ရွက်ခြင်း၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံမှ ပြည်သူပြည်သားအချင်းချင်းသိရှိနားလည်မှု တိုးမြှင့်ရန်၊ မီဒီယာဆိုင်ရာ တံတားအခန်းကဏ္ဍအဖြစ် ဆက်သွယ်ရေးစွမ်းဆောင်နိုင်မှုကို ထုတ်ဖော်ဆောင်ရွက်ရန် အကြံပြုဆွေးနွေး ကြပါမည်။
ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် နာမည်ကျော်ကြားသော ပညာရှင်များကို ဖိတ်ခေါ်၍ တရုတ်နိုင်ငံအကြောင်းအရာ၊ ယူနန်ပြည်နယ်အကြောင်းအရာ၊ ယူနန်ပြည်နယ်-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာစသည်တို့ကို အဓိကခေါင်းစဉ်အနေဖြင့် မိတ်ဆက်ပါမည်။
ဆွေးနွေးဖလှယ်ခြင်းမှတဆင့်မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများအကြားရှိ ချစ်ကြည်ရေးနှင့် သိရှိနားလည်မှုအတွက် တိုးမြှင့်ခိုင်မာစေပြီး နိုင်ငံအသီးသီးအကြားပူးပေါင်းဆောင်ရွက်မှုတိုးပွားလာနိုင်ပါကြောင်းယုံကြည်ပါသည်။