ပထမအကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲ|တရုတ်-မြန်မာ နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ၁၀၀ ကျော် ပါဝင်

2019-11-19 18:14:46 |သတင်းအရင်းအမြစ် 云南日报

လင်ချန်းမြို့အစိုးရဌာနနှင့် မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင့်ရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ပထမအကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲသည် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လင်ချန်းမြို့ကုန်သွယ်ရေးဦးစီးဌာနမှသိရပါသည်။

“ဒါက လင်ချန်းမြို့ရဲ့ပထမဆုံးအကြိမ် နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှာ ကျင်းပတာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံက ကုန်သည်နဲ့ ပြည်သူပြည်သားများအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်အောင်နဲ့ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်နိုင်တဲ့ စင်မြင့်တစ်ခု တည်ထောင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ အတူတကွ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခံစားခြင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုမြှင့်တင်ခြင်းများဖြင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးပါတယ်။”ဟု လင်ချန်းမြို့ ပြန်ကြားရေးဌာန ဒုတိယဌာနမှူး ထန်ယွန်ဇီက မိတ်ဆက်ပေးပါသည်။ နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲကို မြန်မာနိုင်ငံတွင် ကျင်းပခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ ပူးတွဲစီစဉ်ခြင်းနှင့် မျှဝေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစ၍ လားရှိုးမြို့နှင့် လင်ချန်းမြို့တို့တွင် အလှည့်ကျ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သူက ဆက်ပြောပါသည်။

ယခုတစ်ကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲမှာ စုစုပေါင်းပြပွဲနေရာ စတုရန်းမီတာ ၂၀၀၀ ရှိပြီး တရုတ်ပြခန်းနှင့် မြန်မာပြခန်းဟူ၍၂ ပိုင်းခွဲထားပါကြောင်း၊ ပြခန်းနေရာစုစုပေါင်း ၁၃၂ ခုတွင် တရုတ်ဖက်မှပြခန်း ၈၀ ရှိပြီး ကဏ္ဍ ၂ ခု ခွဲ ပြသမည်ဖြစ်ကြောင်း သိရသည်။ ကဏ္ဍတစ်ခုမှာ လင်ချန်းအထွေထွေရုပ်ပုံလွှာပြခန်းများဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတည်ဆောက်ခြင်း၊ လင်ချန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအောင်သီးအောင်နှံနှင့် အနာဂတ်စီမံခန့်ခွဲခြင်း၊ လင်ချန်း နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ စီမံခန့်ခွဲခြင်းများကို ပြသထားပါသည်။ နောက်ထပ်ကဏ္ဍတစ်ခုမှာ လင်းချန်းမြို့ အထူးထွက်ကုန်ပြခန်းများဖြစ်ပြီး ကုမ္ပဏီလုပ်ငန်း ၅၁ ခုမှ လက်ဖက်ခြောက်၊ ဆက်သွယ်ရေးစက်ယန္တရား၊ ဆောက်လုပ်ရေးပစ္စည်း၊ ခရီးသွားပြည်သူကုန်စည်များစသည့် အမျိုးအစားပေါင်း ၂၀၆ ကို ပြသပါသည်။ မြန်မာပြကွက်တွင် ပြခန်း ၅၂ ခုရှိပြီး ကုမ္ပဏီလုပ်ငန်း ၃၀ မှ ကော်ဖီ၊ လက်ဖက်ခြောက်၊ သစ်သီးခြောက်၊ ရိုးရာဆန်အရက် စသည့် ကုန်စည်များကို ပြသမည်ဖြစ်သည်။

သတင်းထောက်။ ။ ဆည်းဆာ(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006