၂၀၁၉ ခုနှစ်တရုတ်နိုင်ငံတကာခရီးသွားလုပ်ငန်းကုန်စည်ပြပွဲသည် ကူးမင်းမြို့တွင် ကျင်းပခဲ့ပြီး ယူနန်အဖွဲ့သည် အောင်မြင်မှုများစွာရှရှိ

2019-11-21 17:15:16 |သတင်းအရင်းအမြစ် 云南日报

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်၂၀၁၉ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလုပ်ငန်းကုန်စည်ပြပွဲသည် ကူမင်းမြို့၌ ကျင်းပပြီးစီးကြောင်း၊ ဤတစ်ကြိမ်ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲသည် နိုင်ငံတကာဈေးကွက်ရှာဖွေခြင်းနှင့် အထူးပြုရည်ရွယ်ချက်များစွာ ထင်ထင်ရှားရှားထွက်ပေါ်လာပြီး အောင်သီးအောင်နှံများစွာရရှိခဲ့ကြောင်း သတင်းအရသိရပါသည်။

၂၀၁၉ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလုပ်ငန်းကုန်စည်ပြပွဲတွင်နိုင်ငံနှင့် ဒေသ ၇၅ ခုမှကုမ္ပဏီလုပ်ငန်းများကပြခန်း ၄၀၀၀ နီးပါးပါဝင်ပြသကြပြီး စုစုပေါင်းဧရိယာမှာ စတုရန်းမီတာ ၉ သောင်းရှိရာ ယမန်နှစ်ကထက် တိုးတက်လာကာ ပြပွဲကာလ ၃ ရက်အတွင်း ၀င်ရောက်လှည်ပတ်ကြည့်ရှုသူအရေအတွက်မှာ ၈ သောင်းကျော်ရှိသည်။

ယူနန်ပြည်နယ်သည် ဤတစ်ကြိမ် ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲတွင် အဓိကရုပ်ပုံလွှာပြပွဲခန်းမ၊ ယဉ်ကျေးမှုခရီးသွားကုန်စည် ပြပွဲခန်းမ၊ ကျန်းမာရေးအားကစားနှင့် ခရီးသွားပြပွဲခန်းမ၊ Recreational Vehicle စခန်းပြပွဲခန်းမဟူသော ပြပွဲခန်းမ ၅ ခုဖွင့်လှစ်ထားပြီး ပြပွဲခန်းမဧရိယာစုစုပေါင်းမှာ စတုရန်းမီတာ ၅ သောင်းရှိကြောင်း၊ ယူနန်ပြည်နယ် ပြည်နယ်ခွဲနှင့် ဒေသ ၁၆ ခုမှ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းစီမံခန့်ခွဲရေးဌာန၊ ယူနန်ပြည်နယ်ဆိုင်ရာထူးခြားမြို့နယ် ၂၆ ခု၊ ကျန်းမာရေးခရီးသွားလုပ်ငန်း ၉ ခု၊ အားကစားခရီးသွားလုပ်ငန်း ၃၁ ခု၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ၁၀၉ ခု ပါဝင်ကြောင်း၊ ယူနန်ပြည်နယ် ခရီးသွားလုပ်ငန်းဆိုင်ရာအမျိုးအစား၊ ရုပ်ပုံလွှာများလည်း ပါရှိကြောင်း၊ ယူနန်ပြည်နယ်အဖွဲ့ဆိုင်ရာပြသဧရိယာနှင့် လတ်တလောခရီးသွားလုပ်ငန်းကုန်စည်ပြပွဲအတွက် မှတ်တမ်းအသစ်ကို ဖန်တီးထားကြောင်းသိရသည်။ ပြခန်းအသီးသီးမှာ ကုန်စည်အသစ်နှင့် လုပ်ငန်းအခြေအနေအသစ်များကို မီးမောင်းထိုးပြသမိတ်ဆက်ပေးပြီး ယူနန်ပြည်နယ် ခရီးသွားလုပ်ငန်းပြောင်းလဲမြှင့်တင်နေခြင်းနှင့် “ဖုန်တစ်လုံးဖြင့် ယူနန်ပြည်နယ်တွင်ခရီးလှည့်လည်ခြင်း”တည်ထောင်ခြင်းမှ ရရှိသောအောင်မြင်မှုအသစ်များကိုလည်း မိတ်ဆက်ပြသထားကြောင်းသိရသည်။

သတင်းထောက်။ ။လျူဇီယွီ(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006