တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကိုလားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းတွင် ဆက်လက်ကျင်းပ

2019-11-22 16:56:22 |သတင်းအရင်းအမြစ် 《吉祥》杂志

မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့နှင့် တရုတ် နိုင်ငံလင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသည့် ပထမအကြိမ်တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ် စီးပွားရေးနှင့်ကုန်စည်ပြပွဲအခမ်းအနားကို ၂၁ ရက်နေ့နံနက်ပိုင်းတွင် လားရှိုးမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပခဲ့ပြီး ညပိုင်း ၈ နာရီခန့်မှာတော့ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ကို ဆက်လက်ကျင်းပခဲ့သည်။

တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွင် နှစ်နိုင်ငံတိုင်းရင်းများ၏ ယဉ်ကျေးမှုအကပဒေသာပွဲကို ယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် ဖျော်ဖြေခဲ့ရာ လားရှိုးမြို့ ဒေသခံအများအပြားလာရောက်ကာ တခဲနက် အားပေးခဲ့ကြသည်။

အဆိုပါပဒေသာပွဲကို လာရောက်ကြည့်ရှုအားပေးသူ လားရှိုးဒေသခံကို အောင်မျိုးမင်းက လာရောက် ကြည့်ရှုဖြစ်ပုံကို ပြောသည်။ “ကျွန်တော်က ရတဲ့ အချိန်လေးကို ပေးပြီး ပဒေသာကပွဲက ည ၁၀ နာရီအထိရှိတယ် ဆိုတော့အလုပ်ကိစ္စလေးတွေရှိနေလို့ နေ့လည်ဘက်က မအားဘူးပေါ့လေ။ ညနေပိုင်းလေးကို လာပြီး ပြသ ထားတဲ့ ကုန်စည်ပြပွဲလေးကို ကြည့်ရှုလေ့လာရင်း ညပိုင်းမှာတော့ နှစ်နိုင်ငံယဉ်ကျေးမှုပဒေသာကပွဲလေးကို အားရဝမ်းသာစွာနဲ့ မိသားစုနဲ့လာကြည့်ဖြစ်တာပါ။ ဒီညပိုင်းပွဲလေးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးအကလေးတွေဖျော်ဖြေကြတယ်။ သူတို့ဘက်ကရော ကိုယ့်ဘက်ကရော တိုင်းရင်းသားရိုးရာ အကလေးတွေနဲ့ အပြန်အလှန်ဖျော်ဖြေကြတယ်။ ဒါကလဲ ဝမ်းသာစရာတစ်ခုပါပဲ ပျော်ရွှင်ကြည်နူးရပါ တယ်”ဟု အားရဝမ်းသာစွာ ပြောပြသည်။

“ဒီလိုပွဲမျိုးလေးတွေကို ၁ နှစ်ကို ၂ ကြိမ်သို့မဟုတ် ၃ ကြိမ်လောက် ကျင်းပမယ်ဆိုရင် ပိုကောင်းပါတယ်။ ဘာလို့လည်းဆိုရင် တရုတ်နိုင်ငံလင်ချန်းက လားရှိုးမြို့ နဲ့ နယ်နိမိတ်ခြင်းနီးစပ်တယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လင်းလာယုံသာမကအပြန်အလှန် ကုန်သွယ်မှုစီးပွားရေးကိုလည်းအကျိုးပြုနိုင်တယ်။ နှစ်နိုင်ငံယဉ်ကျေးမှုတွေကိုလည်း ဖလှယ်နိုင်ပြီး တစ်ဦးနဲ့ တစ်ဦးယဉ်ကျေးမှုတွေကို နားလည်လာနိုင်မှာ ဖြစ်တယ်ဟု လားရှိုးဒေသခံမနန်းဟွမ်နွမ်းက သူမ၏ အမြင်ကို ဆိုသည်။

တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ပဒေသာကပွဲတွင် ရှမ်းပြည်နယ် အတွင်းအတူယှဉ်တွဲ နေထိုင်ကျသောတိုင်းရင်းသားများ၏ မတူကွဲပြသည့် ရိုးရာဓလေ့ဝတ်စားဆင်ယင်ပုံယဉ်ကျေးမှု အက အလှများဖြင့် ဖျော်ဖြေခဲ့သလို လင်ချန်းမှလည်း ၎င်းတို့ ၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများဖြင့် အပြန် အလှန်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

“ဒီလိုပွဲလေးတွေကို ကျင်းပပြုလုပ်တဲ့အတွက် လင်ချန်းနဲ့ လားရှိုးအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ချစ်ကြည် ရင်းနှီးမှုတွေ အပြန်အလှန်ယဉ်ကျေးမှုကို ပိုမိုနားလည်သဘောပေါက်သိရှိစေပါတယ်။ စီးပွားရေးအရလည်း နှစ်နိုင်ငံထုတ်ကုန်တွေကို အပြန်အလှန် ကုန်သွယ်မှုပိုကောင်းလာစေမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာအင်အား အကြီးဆုံးနိုင်ငံထဲမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ကုန်သွယ်မှု အပြန်အလှန် ဆောင်ရွက်ရတယ်ဆိုတာ အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့ လားရှိုးမြို့အတွက်လည်း စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိဖွံ့ဖြိုးတိုးတက် လာနိုင်မယ်လို့ မြင်ပါတယ်။ ပဒေသာကပွဲကလည်း အရမ်းကောင်းပါတယ်။ ဒီလိုယဉ်ကျေးမှု ဖလှယ်ပွဲတွေက ကြည့်ရခဲသည်ဟု” လားရှိုး မြို့ တွင် နေထိုင်သူကို ပြည့်ဖြိုးကျော်က ကုန်သွယ်မှုနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ကဏ္ဍများနှင့် ပတ်သက်ပြီးဂရုတစိုက် ပြောကြားသည်။

တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် သည်ပထမအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ၏ အစီအစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006