မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နှစ်ဖက်ကုန်သည်လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

2019-11-24 15:57:56 |သတင်းအရင်းအမြစ် 云桥网

မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နှင့်တရုတ်နိုင်ငံလင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသည့် ပထမအကြိမ်တရုတ်(လင်ချန်း) - မြန်မာ(လားရှိုး) နယ်စပ် စီးပွားရေးနှင့်ကုန်စည်ပြပွဲအခမ်းအနားဒုတိယနေ့ (နိုဝင်ဘာ ၂၂ ရက်နေ့)  တွင် မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နှစ်ဖက်ကုန်သည်လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်သဘောတူညီချက် (MOU)  ကို အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြသည်။

 

မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးဦးအောင်ထူးမှ နှစ်နိုင်ငံ ကုန်သည်များMOUလက်မှတ်ရေးထိုးခြင်းနဲ့ပတ်သက်ပြီးပြောကြားရာတွင်-- လင်ချန်းနဲ့လားရိုးဟာ အနီးစပ်ဆုံး ကုန်သွယ်မှုဆက်သွယ်နိုင်နဲ့လမ်းကြောင်းအပေါ်မှာ တည်ရှိနေပြီး နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက် လမ်းညွှန်ချက်များအရ One Belt One Road ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ပါဝင်ကြောင်း၊ လင်ချန်း -လားရှိုး - မူဆယ် - ကုန်သွယ်ရေးလမ်းကြောင်းဟာ ကုန်သွယ်မှုအတွက် အများကြီးအရေးပါ ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလိုအပ်ချက်တွေကို လေ့လာပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှု win- win ရရှိအောင် ပိုမိုဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း၊ MOU လက်မှတ်ရေးထိုးသည့်နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များအကြားရေးထိုးထားတဲ့သဘောတူညီချက်များကို ခင်မင်ရင်းနှီးစွာ တက်တက်ကြွကြွ နဲ့အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းပြောကြားခဲ့သည်။

“အခုလိုသဘောတူညီချက် MOU လက်မှတ်ရေးထိုးပြီး နှစ်ဦးနှစ်ဖက်ကနေပြီး အပြန်အလှန်ဆွေးနွေးဖလှယ်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် အားလုံးက အဆင်ပြေနိုင်ပါတယ်။ ဒါက ပထမဆုံးခြေလှမ်းအနေနဲ့တော့ ကျွန်တော်တို့စပြီးတော့ MOU အနေနဲ့နားလည်မှုစာချွန်လွှာအနေနဲ့ လက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် ဒါဘာပဲဖြစ်ဖြစ် အနာဂတ်အတွက် ပထမခြေလှမ်းဆိုလည်းမမှားပါဘူး။ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရဲ့လားရှိုးမြို့ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုနှစ်နိုင်ငံကုန်စည်ပြပွဲကျင်းပတဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့စက်မှုလက်မှုကုန်သည်များအသင်းအနေနဲ့လည်း တစ်ဘက်နိုင်ငံက လိုလားချက်တွေကို ဆွေးနွေးပြီး ကျွန်တော်တို့ဘက်က ဖော်ဆောင်ဖို့ ကြိုးစားထားပါတယ်။ ဒီကုန်စည်ပြပွဲဟာ နှစ်နိုင်ငံကုန်သွယ်မှု ကနေပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုတဆင့် ဒေသတည်ငြိမ်ရေးကိုပါ အများကြီး အထောက်အကူပြုနိုင်တဲ့အပြင် အများကြီးအကျိုးရှိပါတယ်”  ဟု နှစ်နိုင်ငံသဘောတူညီချက် MOU အပြန် အလှန်လက်မှတ်ရေးထိုးခြင်းနှင့်ကုန်စည်ပြပွဲအပေါ် အမြင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည် စက်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဘိုဘို မှ yunnangatewayကို ပြောသည်။

ပထမအကြိမ်တရုတ်(လင်ချန်း) - မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ၏အစီအစဉ်များအရ မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နှစ်ဖက်ကုန်သည်လုပ်ငန်းရှင်များ၏ ချင်းရွှေဟော်လမ်းကြောင်းသစ် တည်ဆောက်ရေးဖိုရမ်ကိုလည်း ကျင်းပဆွေးနွေးခဲ့ကြောင်းသိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006