ကုန်စည်ပြပွဲတွင် ပါဝင်သောမြန်မာကုန်သည်များမျှော်မှန်းသည် ထက်ပိုအောင်မြင် ၊ ‌လားရှိုး‌ဒေသခံများလည်းဒေသစီးပွားရေးဖွံ့ဖြိုးနိုင်ကြောင်းမှတ်ချက်ပေး

2019-11-25 16:06:24 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး)ကုန်စည်ပြပွဲကို နိုဝင်ဘာ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ လားရှိုးမြို့တွင် ကျင်းပနေပြီး ကျွန်တော်တို့ Yunnan Gateway သတင်းထောက်တို့သည် (၂၄)ရက်နေ့တွင် ပြခန်းများသို့ လက်တွေ့လေ့လာခဲ့သည်။

လက်ဖက်ခြောက်၊ အမဲသားခြောက်၊ တိုင်းရင်းသားရှိုးရာဝတ်စုံ၊ စွမ်းအင်ချွေတာနိုင်သောမီးလုံး...... လှပပြည့်စုံသော ကုန်စ္စည်းများက စားသုံးသူများစွာ ဆွဲဆောင်ခဲ့ပါသည်။

လူအများစည်ကားကာ လာရောက်ဝယ်ယူသူအများ အပြားဖြင့် လက်မလည်အောင်ရောင်းချနေရသော မြန်မာဟန်နီစားသောက်ကုန်လုပ်ငန်းပြခန်းမှ မသန်းသန်းက ကျွန်မက မြန်မာဟန်နီစားသောက်ကုန် လုပ်ငန်းရဲ့တည်ထောင်သူပါ။ ဒီပွဲကိုလာတဲ့သူများက ကျွန်မတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ မြန်မာ ဟန်နီ ကော်ပြန့်ကြော်ကို အများကြီးအားပေးခဲ့ကြပါတယ်။ ဒီပြပွဲမှာ ထင်ထားတာထက်ကို ပိုရောင်းအား ကောင်းနေတယ်။ လက်ကားဖြန့်ဖြူးမယ့်သူတွေနဲ့လည်းချိတ်ဆက်မိတယ်။ တရုတ်ပြည်လင်ချန်းက ကုန်သည်နှစ်ဦးနဲ့လည်း ကျွန်မတို့ရဲ့ကုန်ပစ္စည်းကိုယ်စားလှယ်ပေးဖို့အတွက်လည်း ချိတ်ဆက်မိပါတယ်ဟု သူမက ပြောသည်။

ဒီလိုပွဲတွေလုပ်ခြင်းအားဖြင့် လားရှိုးဒေသကိုအကျိုးရလဒ်‌ကောင်းတွေရှိစေပြီး နယ်စပ်ကုန်သွယ်မှု ‌၊ ဒေသရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာမယ်လို့မြင်ပါတယ်။ ဒီလိုပွဲတွေကိုမကြာခဏ ကျင်းပပေးစေ ချင်တယ်ဟု ကုန်စည်ပြပွဲကို လာရောက်‌သူလားရှိုးဒေသခံကိုအောင်နိုင်ဦးက ဆိုသည်။

လားရှိုးမြို့နေထိုင်သူမငြိမ်းငြိမ်းက တရုတ်-မြန်မာ တိုင်းရင်းသား ပဒေသာကပွဲနှင့် ကုန်စည်ပြပွဲကို လာရောက်ကြည့်ရှုရင်း သူမ၏အမြင်ကိုပြောပြသည်-- ဒီကုန်စည်ပြပွဲကိုအဲ့လောက်ကြီးကျယ် စည်ကားလိမ့်မယ်လို့မထင်ခဲ့ဘူး။ နယ်မြေအခြေအနေအရပေါ့။ အခုကထင်ထားတာထက် ပိုးပြီးစည်ကားနေတာကိုတွေ့ရခံစားရတယ်။ ဒီပွဲဟာလားရှိုးဒေသအတွက် ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အပံ့တစ်ခုဖြစ်နိုင်တယ်လို့ထင်ပါတယ်။

ပထမဆုံးအကြိမ် တရုတ်-မြန်မာ ပူးပေါင်းကျင်းပသည့်တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) ကုန်စည်ပြပွဲ တွင် ပါဝင်သောမြန်မာကုန်သည်များမျှော်မှန်းသည်ထက်ပိုအောင်မြင် ပြီး လားရှိုး‌ဒေသခံများလည်း ဒေသစီးပွားရေးဖွံ့ဖြိုးနိုင်ကြောင်းကို မှတ်ချက်ပေးခဲ့ကြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006