ယခုလ ၂၅ ရက်နေ့က တနုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် တိုကျိုမြို့၌ ကျင်းပသော တရုတ်-ဂျပန် အဆင့်မြင့် လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စနစ် ပထမ အကြိမ် အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အသီးသီး ပေးပို့ ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင်၊ တရုတ်နှင့် ဂျပန်တို့သည် ယင်းစနစ်ကို ကောင်းမွန်စွာ အသုံးပြုပြီး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တွန်းအားပေးရန်၊ ခေတ်သစ် လိုအပ်ချက်နှင့် ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံမှု တိုးတက်ရေးအတွက် လူမှုရေးနှင့် ယဉ်ကျေးမှုအရ အထောက်အကူ ပေးရန် မျှော်လင့်ကြောင်း ရေးသားဖေါ်ပြ ထားပါသည်။