နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တရားလွှတ်တော်ချုပ်သို့ ရုံးသုံးကွန်ပြူတာများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံအမတ်ကြီး ချန်ဟိုင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦးများသည် ဤအခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤတစ်ကြိမ်မှာ ရုံးသုံးကွန်ပြူတာနှင့် ခရီးဆောင်ကွန်ပြူတာ အစုံ(၇၀)အား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံအမတ်ကြီး ချန်ဟိုင်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။ ဇော်ရဲအောင်(《မင်္ဂလာ》မဂ္ဂဇင်း)