တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ ပါတီအဆင့်မြင့်ကော်မတီဥက္ကဋ္ဌ ဂရေဇ်လိုးဗ် ဦးဆောင်သော The United Russia ပါတီကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီနှင့် The United Russia ပါတီ တို့သည် ကိုယ့်နိုင်ငံ၏ အာဏာရပါတီအနေနှင့် ခေတ်သစ် တရုတ်-ရုရှားဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် တွန်းအားပေးသည့် တာဝန်ဝတ္တရားရှိကြောင်း ပြောကြားပါသည်။
ဥက္ကဋ္ဌဂရေဇ်လိုးဗ်က တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ဗဟိုကော်မတီ ၄ ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို ထောမနာပြုခဲ့ပါသည်။