တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၇ ရက်နေ့က ပီကင်း၌ ဆူရီနမ် နိုင်ငံ သမ္မတ ပေါ်တာစေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များက၊ တရုတ်နှင့် ဆူရီနမ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိကြောင်း ပူးတွဲ ကြေညာပြီး၊ “Belt and Road” အတူ တည်ဆောက်ရေးကို အခွင့်ကောင်း အဖြစ် ထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို အဆင့်သစ်သို့ တွန်းအားပေးရန် မျှော်လင့်ကြောင်းလည်း ဖေါ်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က၊ တရုတ်နှင့် ဆူရီနမ် သံအဆက်အသွယ် ထားရှိသည့် ၄၃ နှစ်အတွင်း နှစ်ဖက်တို့သည် တစ်လျှောက်လုံး ဆိုသလို အပြန်အလှန် ယုံကြည် အားပေး နားလည်ပြီး နိုင်ငံကြီးသည် ဖြစ်စေ ငယ်သည် ဖြစ်စေ ချစ်ခင်ရင်နှီးစွာ အတူ ယှဉ်တွဲနေထိုင်ရေးနှင့် တန်းတူရည်တူ သဘောထားကြရေးဆိုင်ရာ စံနမူနာကောင်း ဖြစ်ကြောင်း ပြောကြားပါသည်။