ယနှစ်ပိုင်းတွင်ယူနန်ပြည်နယ် ပြည်ပကုန်သွယ်မှု လွယ်ကူချောမွေ့ရေးအဆင့်သည် ဆက်လက်တိုးတက်နေကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ကူမင်းအကောက်ခွန်ဌာနမှ သတင်းအရသိရပါသည်။ ယခုနှစ် ပြီးခဲ့သည့် ၁၀ လအတွင်း ယူနန်ပြည်နယ် သွင်းကုန်ပို့ကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းမှုကာလသည် ၁၈.၅၆ နာရီနှင့် ၀.၃၆ နာရီဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအလားတူအချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက ၂၃.၈၂ နာရီနှင့် ၃.၈၈ နာရီထက် ပိုမြန်နေပါကြောင်း၊ တစ်နိုင်ငံလုံးတွင် နံပါတ် ၉ နှင့် နံပါတ် ၃ နေရာသို့ ရောက်ရှိနေပါကြောင်း သတင်းအရသိရပါသည်။
လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ပြုပြင်မြှင့်တင်ရန်အတွက် ကူမင်းအကောက်ခွန်ဌာနသည် ယူနန်ပြည်နယ် သွင်းကုန်ပို့ကုန်အခြေအနေပေါ် မူတည်၍ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ပြုပြင်မြှင့်တင်ခြင်းဖြင့် ကုန်သွယ်ရေးကို အဆင်ပြေ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရေးစီမံကိန်းကို လေ့လာချမှတ်ထားခြင်း၊ ရက် ၁၀၀ အတွင်း မြှင့်တင်ရန် ဆောင်ရွက်ထားခြင်း၊ တရုတ်-ဗီယက်နမ် ဟယ်ခုပ်-လောင်ကျေးစိုက်ပျိုးရေးထွက်ကုန်အတွက် အမြန်ဂိတ်ဖြတ်ရန်“အစိမ်းရောင်လမ်းကြောင်း”ကို တွန်းတင်တည်ထောင်ထားခြင်း၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်နှင့် ရေချိုထွက်ကုန်များအတွက် “လယ်ယာစိုက်ပျိုးရေးထွက်ကုန်အထူးဂိတ်ပေါက်”ကို စီစဉ်ပြီး လျင်မြန်သော အကောက်ခွန်ရှင်းလင်းခြင်းနည်းလမ်းကို အကောင်အထည်ဖော်လုပ်ဆောင်ပါသည်။ စိန်ခေါ်မှုကို ထိန်းသိမ်းထားပြီး သံသတ္တုရိုင်း၊ မန်းဂနိစ်သတ္တုရိုင်းစသည့် သတ္တုရိုင်း ၅ မျိုးကို “ဦးစွာဖြတ်သန်း နောက်မှစစ်ဆေး”ဟူသော စစ်ဆေးကြီးကြပ်ခြင်းနည်းလမ်းဖြင့် အကောင်အထေည်ဖော် ဆောင်ရွက်သောကြောင့် အကောက်ခွန်ရှင်းလင်းခြင်းအချိန်သည် ပျမ်းမျှအားဖြင့် ယခင်က ၉ ရက်မှ ၀.၇၅ ရက်အထိ လျော့ချလာနိုင်သည်။ ထို့အပြင်ယနှစ် ပြီးခဲ့သည့် ၁၀ လအတွင်းတွင် ကူမင်းအကောက်ခွန်ဌာနသည် အကောက်ခွန်လျော့ချရေးနှင့် ကင်းလွတ်ခွင့်မူရင်းကုန်ထုတ်နေရာထောက်ခံချက် စောင်ရေ ၄၃၈၀၀ စောင်လက်မှတ်ရေးထိုးပေးပြီး သက်ဆိုင်ရာ ဗီဇာတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၆၅၈ ဘီလီယံဖြစ်ကာ လုပ်ငန်းကုမ္ပဏီများအတွက် ကုန်စည်အခွန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃ သန်းကျော်ချွေတာနိုင်ခဲ့ပါသည်။ သွင်းကုန်အခွန်လျှော့ချရန် အကောက်ခွန်ကြေညာစာတမ်း လျှောက်လွှာစောင်ရေ ၃၈၃၀၀ စောင်လုပ်ဆောင်ပေးပြီး အခွန်ငွေတရုတ်ယွမ် ၁.၁၉ ဘီလီယံ လျော့ချပေးခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၀.၆၀၆ ဘီလီယံတန်ဖိုးရှိ အခွန်လျော့ချရေးနှင့် ကင်းလွတ်ခွင့်လက်မှတ် ၅၅၂၆ စောင်လုပ်ဆောင်ပေးခဲ့ပြီး အခွန်ငွေတရုတ်ယွမ် ၁.၁၃၁ ဘီလီယံ လျှော့ချပေးပါသည်။ ဦးစားပေးကုန်သွယ်ရေးသဘောတူချက်များအရ သွင်းကုန်ကြေညာစာတမ်းအတွက် အခွန်ငွေတရုတ်ယွမ်ဝ.၈၆၂ ဘီလီယံ လျှော့ချပေးပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်ရာ၉၆.၃၆% တိုးမြှင့်လာပါသည်။
သတင်းထောက်။ ။လျူဇီယွီ(ယူနန်နေ့စဉ်သတင်းစာ)