၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက်ယူနန်ပြည်နယ်အင်တာနက်ကွန်ဖရင့် ကူမင်းမြို့တွင် ကျင်းပ

2019-11-29 18:44:35 |သတင်းအရင်းအမြစ် 云南网

၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ယူနန်ပြည်နယ်အင်တာနက်ကွန်ဖရင့်သည် ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် “အနာဂတ်ရောက်လာပြီ--5G စွမ်းအားနှင့် ဒစ်ဂျစ်တယ်ယူနန်ပြည်နယ်” ဟူသော အဓိကဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ယူနန်ပြည်နယ်အင်တာနက်ကွန်ဖရင့်ကို ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။

၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ယူနန်ပြည်နယ်အင်တာနက်ကွန်ဖရင့်သည် ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။

၂၀၁၉ ခုနှစ်သည် 5G နည်းပညာပေါ်ထွန်းလာသော နှစ်ဖြစ်သည်။ ဤကွန်ဖရင့်သည် လက်ရှိနောက်ဆုံးပေါ်လူကြိုက်အများဆုံးသော 5G နည်းပညာကို အလေးထားကာ ယူနန်ပြည်နယ်နှင့်ဆက်စပ်ပြီး “ဒစ်ဂျစ်တယ်ယူနန်ပြည်နယ်”ကို တည်ထောင်ပါသည်။ 5G နည်းပညာကြိုတင်သိမြင်နိုင်ခြင်း၊ မိုဘိုင်းအင်တာနက်၊ ပူးပေါင်းထုတ်လုပ်ခြင်း၊ The Internet of Things(IOT)၊ Cloud Computing ၊ Big Data ၊ Artificial Intelligence(AI)စသော ရှေ့ပြေးနည်းပညာနှင့် ကုန်ပစ္စည်းများစုစည်းထားရှိပြီး ယူနန်ပြည်နယ် ရိုးရာစက်မှုလုပ်ငန်း၊ အင်တာနက်စက်မှုလုပ်ငန်းနှင့် တီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများအတွက် ကူးလူးဖလှယ်မှုပလက်ဖောင်းကို ထောက်ပံ့ပေး၍ ယူနန်ပြည်နယ်စီးပွားရေးကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကိုလည်း နက်ရှိုင်းစွာ လေ့လာခဲ့ပါသည်။

၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် ယူနန်ပြည်နယ်အင်တာနက်ကွန်ဖရင့်သည် ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။

5G နည်းပညာနှင့်ဒစ်ဂျစ်တယ်စီးပွားရေးကို ဗဟိုပြု၍ အဆိုပါကွန်ဖရင့်တွင် အဓိကမိန့်ခွန်းပြောကြားအစီရင်ခံခြင်း၊ ဟောပြောပွဲနှင့် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပါသည်။ ယူနန်ပြည်နယ် 5G နည်းပညာအတိုင်ပင်ခံပညာရှင်ကော်မတီကို ယနေ့တရားဝင်တည်ထောင်ထားပါကြောင်း အောင်မြင်စွာ ကြေညာနိုင်ခဲ့ပါသည်။

သတင်းထောက်။ ။ရွှန်ချန်(ယူနန်ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006