ရှီကျင့်ဖိန်သည် ရုရှားပြည်ထောင်စု လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် တွေ့ဆုံ

2019-12-03 17:32:03 |သတင်းအရင်းအမြစ် CRI

ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ပီကင်းတွင် ကျင်းပသည့် တရုတ်-ရုရှား ဥပဒေကျင့်သုံးရေးဆိုင်ရာ လုံခြုံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် အစည်းအဝေးနှင့် တရုတ်-ရုရှား မဟာဗျူဟာလုံခြုံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ရုရှားပြည်ထောင်စုလုံခြုံရေးကောင်စီအတွင်းရေးမှူး Patrushev နှင့် တွေ့ဆုံခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က ယခုနှစ်တွင် တရုတ်-ရုရှား သံအဆက်အသွယ်ထား ရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုရေး လှုပ်ရှားမှုများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြပြီး၊ နှစ်နိုင်ငံဆက်ဆံမှုသည်၊ ခေတ်ကာလသစ်တွင် ဝင်ရောက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Patrushev ကလည်း ရုရှား-တရုတ်ဆက်ဆံမှုသည်၊ ကြံ့ခိုင်ပြီး ဖြိုခွင်း၍မရကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006