၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသကုန်စည်ပြပွဲအား တယ်ဟုန် ရွှေလီတွင် ကျင်းပပြုလုပ်

2019-12-10 18:32:53 |သတင်းအရင်းအမြစ် 云桥网

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသစီးပွားရေးကုန်သွယ်ရေးကုန်စည်ပြပွဲ (အောက်မှာ“တရုတ်-မြန်မာ နယ်စပ်ဒေသကုန်စည်ပြပွဲ”ဟု ခေါ်သည်) သည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်နှင့် ဂျင်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ ကျင်းပပြုလုပ်ပါသည်။ တရုတ်(ယူနန်) လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန် တယ်ဟုန်ဇုန် စတင်ဖွင့်လှစ်ပြီးနောက် တယ်ဟုန်ပြည်နယ်ခွဲတွင် ကျင်းပပြုလုပ်သော ပထမဆုံး နိုင်ငံတကာဒေသဆိုင်ရာ ကုန်စည်ပြပွဲနှင့် ကူးလူးဖလှယ်ပွဲအနေဖြင့် ဤတစ်ကြိမ် နယ်စပ်ဒေသကုန်စည်ပြပွဲအတိုင်းအတာမှာ သမိုင်းအသစ်ကို ရေးထိုးနိုင်ခဲ့ပါသည်။

၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသကုန်စည်ပြပွဲတွင် ပြခန်း ၅၆၀ ကျော်စီစဉ်ထားရာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံနှင့် ဂါနာနိုင်ငံစသည့်နိုင်ငံ ၁၁ နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများက ကုန်စည်အမျိုးအစားပေါင်း ၂၀၀၀ ကျော်ပြသရာ လုပ်ငန်းရှင်များအတွက် များပြားကြွယ်ဝလှသော ကုန်စည်ပြသခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းပလက်ဖောင်းကို ဆောင်ကြဉ်းပေးပါကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။တွမ့်ကျန့်ရှင်း၊ ဟန်ကြော့ရှင်း၊ တွမ့်ရီ (Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006