တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေးလုပ်ငန်းအသင်းကို တယ်ဟုန် ရွှေလီတွင် တည်ထောင်ဖွင့်လှစ်

2019-12-12 17:06:50 |သတင်းအရင်းအမြစ် 云桥网

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေးဖိုရမ်၊ လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန် တိုးမြှင့်ရန် အွန်လိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (အောက်မှာ “တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် E-Commerce ဖိုရမ်”“ဟုခေါ်သည်)ကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်နှင့် ဂျင်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ ကျင်းပပြုလုပ်သည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေးလုပ်ငန်းအသင်းအား တရားဝင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ထိုအသင်းသည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းတို့အကြားဆက်သွယ်ပေါင်းကူးပေးမည့် တံတားကို တည်ဆောက်ကာထောက်ပံ့ရေးကွင်းဆက်၊ ပလက်ဖောင်း၊ ဝန်ဆောင်မှု စသည့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေးဆိုင်ရာ အဓိကလုပ်ငန်းများကို ပေါင်းစပ်ပြီး အရင်းအမြစ်ခွဲဝေချထားပေးမှုကိုပိုကောင်းအောင် ဘက်စုံနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုကိုတွန်းတင်ပေးမည် ဖြစ်ကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။တွမ့်ကျန့်ရှင်း၊ ဟန်ကြော့ရှင်း၊ တွမ့်ရီ (Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006