ယူနန်ပြည်နယ် ကူမင်းမြို့ရှိ “ပန်းမြို့တော်”သည်ခရီးသည်နှင့် မြို့သူမြို့သားများစွာကိုလာရောက်လည်ပတ်ရန် ဆွဲဆောင်နေပါသည်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းကဓာတ်ပုံရိုက်သည်။
ဆောင်းရာသီတစ်မျိုးရှိသည်။ ထိုဆောင်းရာသီကို ယူနန်၏ ဆောင်းရာသီဟု ခေါ်ပါသည်။ ဆောင်းရာသီတွင် အထူးသဖြင့် မြောက်ပိုင်းဒေသတွင် ရေခဲပြင်ဆီးနှင်းတော ဖြစ်နေပြီး ဆောင်းလေသည် အေးသောကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းပါသည်။ သို့သော် ယူနန်တွင် မြင်ကွင်းနောက်တစ်ခုရှိပါသေးသည်။ ပြာလဲ့လဲ့ကောင်းကင်၊ တိမ်ဖြူဖြူ၊ လေတဖြူးဖြူးနှင့် နေရောင်ခြည်၊ ပန်းပွင့်များနှင့် ငှက်များပျံနေကြသည့် မြင်ကွင်းဖြစ်ပါသည်။ ထိုသို့သောဆောင်းရာသီတွင် ယူနန်သို့ ပန်းအလှရှုစားရန် ချိန်းဆိုပြီးသွားကြပါစို့။