ဝေဟင်မှ ရိုက်ကူးထားသော ကူမင်းဟွန်ထာအနောက်ဘက်လမ်းကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဖန်းယွယ့်က ဓာတ်ပုံရိုက်ကူးသည်။
“နွေဦးမြို့” ဟု လူသိများသော ကူမင်းမြို့တွင် တစ်နှစ်ပတ်လုံးပန်းများပွင့်ပြီး ဆောင်းရာသီ၌ပင် ပန်းပွင့် အများကြီးရှိနေသည်။ ထိုအထဲတွင် ဆောင်းရာသီချယ်ရီပန်းသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ လမ်းဘေးတွင် စိုက်ထားသော အပင်တစ်ပင်မှ ပန်းပွင့်ချိန်၏ ပန်းရောင်အလှသည် ကူမင်းမြို့ ဆောင်းရာသီအတွက် သာယာလှသော အချစ်ဇာတ်လမ်းကို တင်ဆက်ပေးပါသည်။ အခန့်ညားဆုံးသည် ကူမင်းဟွန်ထာအနောက်ဘက်လမ်းတွင် ရှိပါသည်။ လမ်းတလျှောက်တွင် ရာနှင့်ချီသော ဆောင်းရာသီချယ်ရီပန်းသည် အတူတကွ ပွင့်လာကြပြီး ပန်းပင်လယ်ဖြစ်လာကာ ဆည်းဆာတိမ်များကဲ့သို့သော လှပသည့်ရှုခင်း ဖြစ်ပေါ်လာပါသည်။