ကူမင်းရှေးဟောင်းဈေးရှိ နှစ်သစ်ကူးဘုရားပွဲဈေးတန်းတွင် အလွန်စည်ကားလှပြီး နှစ်သစ်ကူးပွဲတော်ကိုပျော်ရွင်စွာ ကြိုဆိုနေကြပါသည်။ မီးပဒေသာထွန်းညှိ၍ ရောင်စုံပိုးဖဲကြိုးများဖြင့် မွမ်းမံအလှဆင်ထားသည့် ဈေးတန်း၏ နေရာတိုင်းတွင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေပြီး လူများ ပြည့်လျှံနေပါသည်။ နှစ်သစ်ကူးကုန်စည်ဈေးတန်းတွင် ဓလေ့ထုံးစံများ ပြည့်စုံလှသော ဒေသထူးခြားချက်ပါရှိသည့် ကုန်စည်များ၊ နှစ်သစ်ကူးကုန်စည်များ၊ အနုပညာလက်ရာများနှင့် အရှေ့တောင်အာရှစားသောက်ဖွယ်ရာများသည် မြို့သူမြို့သားများစွာကို ဈေးဝယ်ရန် ဆွဲဆောင်နေပါသည်။ ပြည်သူများသည် နှစ်သစ်ကူးဘုရားပွဲဈေးတန်းကို လှည့်ပတ်ကြည့်ရှုရင်း ကူမင်းမြို့၏ နှစ်သစ်ကူးအရသာကို ခံစားကြကာ တရုတ်နှစ်သစ်(ကြွက်နှစ်)ကို ကြိုဆိုကြပါသည်။